Chapter 9.2.2

13.1K 1.7K 64
                                    

အရာရာဟာ ဝမ်းနည်းဖွယ်ရာအတိပဲ။ အမျိုးသမီးဝန်ထမ်းတစ်ဦးဟာ ငိုယိုနေပြီး စိတ်မခိုင်တဲ့သူအချို့ပါ မျက်ရည်ကျရတော့တယ်။ မကြာခင်မှာပဲ ငိုသံတွေဟာ အခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။ သူတို့တွေအားလုံးရဲ့ ရက်ထောင်ပေါင်းများစွာ မရပ်မနားကြိုးစားခဲ့ရမှုတွေ၊ ပြည်သူတွေရဲ့အသက်ပေါင်းများစွာရင်းခဲ့ရမှုတွေဟာ နောက်ဆုံးတော့ အမှောင်ထဲမှာပဲ အားလုံးအဆုံးသတ်သွားခဲ့ပြီ။

လိန်ချွမ်းကိုယ်၌လဲ အမုန်းတရားတွေအားလုံးမေ့သွားရလောက်အောင် ဝမ်းနည်းမှုဟာ သူ့နှလုံးသားတစ်ခုလုံးကိုပြည့်နှက်နေတယ်။ အခုချိန်မှာ သူဟာ စမ်းသပ်ကုတင်ပေါ်လဲလျောင်းနေတဲ့ အခွံချည်းသက်သက်မဟုတ်တော့ဘူး။ သူဟာ ဘေးလူတစ်ယောက်ဖြစ်ပေမယ့်လဲ အခုချိန်မှာတော့ အရာအားလုံးထက် ခံစားလွယ်နေသလိုပဲ။

တပ်မှုးဟာ အပြေးအလွှားရောက်လာပြီး အခြေအနေတွေကို ရှင်းပြတယ်။ "Level 11 အဆင့် Zombie တစ်ကောင် အဆောက်အဦးထဲကို ရုတ်တရက်ဝင်လာပြီး ဓာတ်အားထိန်းသိမ်းရေးအခန်းကိုလဲ ဖျက်ဆီးသွားတယ်။ Zombie ကိုရှင်းလင်းလို့ပြီးပြီးချင်းပဲ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဓာတ်အားပေးရေးအခန်းကို ပြုပြင်ဖို့ကြိုးစားနေပြီ။ ဓာတ်အား ဘယ်အချိန်ပြန်ရမလဲဆိုတာတော့ မသိရသေးဘူး။"

စွမ်းအားတွေမှာ Level 12 က အမြင့်ဆုံးအဆင့်ပဲ။ အဲ့ဒီနောက်ဆိုရင်တော့ King Level, Saint level နဲ့ နောက်ဆုံး God Level စွမ်းအားရှင်တွေဖြစ်ပြီး ဒီသုံးမျိုးဟာ ဒဏ္ဍာရီလာ စွမ်းအားရှင်အဆင့်တွေဖြစ်တယ်။ Level 11 နဲ့ Level 12 အဆင့် Zombie တွေဟာ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးရန်သူတွေအဖြစ်တောင် သတ်မှတ်လို့ရတယ်။ တစ်ကောင်ကိုသတ်နိုင်ဖို့တောင် မြောက်များလှစွာသော စွမ်းအားအရင်းအမြစ်တွေအပြင် မရေမတွက်နိုင်သောအသက်တွေကိုပါ စတေးကြရတယ်။

ဒီအတိုင်းဆို ဓာတ်အားပြန်ရဖို့ အချိန်အတော်ကြာဦးမယ်ထင်တယ်။ သိပ္ပံပညာရှင်တွေဟာ ပိုပြီးဝမ်းနည်းပက်လက်ငိုကြွေးကြတော့တယ်။

လူအားလုံး ဖြေမဆည်နိုင်အောင်ဝမ်းနည်းနေချိန်မှာ ကျိုးယွင်ရှန့်တစ်ယောက်ပဲ တည်ငြိမ်နေတယ်။ ကျိုးယွင်ရှန့် ချက်ချင်းပဲမေးလိုက်တယ်။ "ဋ္ဌာနမှာ မိုးကြိုးစွမ်းအားရှင်တွေရှိလား?? ကျုပ်တို့ မိုးကြိုးစွမ်းအားရှင်တစ်ယောက်၊ နှစ်ယောက်လောက်ဖြစ်ဖြစ်ရနိုင်မလား??"

အမှောင်ထဲက [Face of the Devil]Where stories live. Discover now