Part 49

22.4K 2.2K 67
                                    

ပါရီမြို့ပန်းချီကားချပ်သည် နှင်းပွင့်များ၏ ဆေးစက်များအောက်မှာ တသွေးကြွယ်သော နှင်းနတ်သမီးလေးတစ်ပါး နိုးထလာဟန် အလှသွေးကြွယ်နေသည်။ တိုက်တာခေါင်မိုးများတွင် ဖုံးအုပ်လာသော နှင်းလွှာများသည် ထိုနတ်သမီးငယ် လွှမ်းခြုံလိုက်သော ပ၀ါဖြူလေးတစ်ထည်လို အိစက်လျှောကျလို့လာသည်။ သစ်ကိုင်းထိပ်များတွင် နားခိုနေသော နှင်းပွင့်ငယ်များကမူ နောက်ထပ်ကျဆင်းနေသော သူတို့၏ အဖော်မွန်နှင်းစက်များကို မြေပြင်ထိ ပြုတ်ကျမသွားအောင် လက်ကမ်းကြိုဆိုနေကြပြန်ပါသည်။

ဆေးရုံမှန်လျှင် အဖြူရောင်ဆေးသုတ်ထားရမည်ဟု မည်သူကများ သတ်မှတ်ထားခဲ့သည်မသိ။ အထပ်ပေါင်းများစွာနှင့် ခန့်ညားသော ပါရီမြို့၏ အထင်ကရဆေးရုံကြီးသည် နှင်းပွင့်လေးများ၏ လာရောက်နှုတ်ဆက်မှုကို သတိမထားမိသည့်အလား မျက်နှာတည်နှင့် ဆက်လက်ရပ်တည်နေပြန်ပါသည်။

နှင်းပွင့်လေးများကတော့ တင်ခိုလို့ရနိုင်သည့်နေရမှန်သမျှမှာ ကြိုးစားငြိတွယ်ရင်း ဆေးရုံကြီးကို ကလူကျီစယ်ဖို့ ကြိုးစားနေကြသည်။ ဆေးရုံကြီး၏ မှန်ပြတင်းတံခါးများကို သူတို့၏နူးညံ့သောလက်တံများဖြင့် ကြိုးစားခေါက်ရင်း မြေပြင်သို့ ပြေးဆင်းသွားကြသည့် နှင်းပွင့်လေးများသည် ဆေးရုံကြီးအတွင်းမှ လူနာများ၊ လူနာစောင့်များ၊ ၀န်ထမ်းများအားလုံးအတွက် တောက်ပမှုနှင့် မျှော်လင့်ချက်တစ်ချို့ကိုတော့ လက်ဆောင်အဖြစ် ချန်ထားခဲ့ပါသည်။

ဆေးရုံခန်းတစ်ခုမှာတော့ လူနာကုတင် ခြောက်ခုတိတိရှိနေသည်။ တံခါးထောင့်စွန်းမှ သက်ကြီးရွယ်အို အဘိုးတစ်ယောက်က ဟောင်းနွမ်းနေသော သတင်းစာတစ်စောင်ကို ကြိုးစားဖတ်နေသည်။ ကျိုးတိုးကျဲတဲ ဆံပင်များနှင့်ဖြစ်ပြီး မှုန်ဝါးနေသောမျက်လုံးများကြောင့် စာကြည့်မျက်မှန်ကို ခပ်ငိုက်ငိုက်တပ်ဆင်ထားသည်။ သူ့ဘေးတွင်တော့ ခပ်၀၀ အမျိုးသမီးတစ်ယောက်နှင့် သူနာပြုဆရာမတစ်ယောက် အပြန်အလှန် အငြင်းပွားနေကြသည်။ အပြန်အလှန်ဟု ဆိုသော်လည်း သူနာပြုဆရာမကသာ လူနာကို ဆူနေခြင်းဖြစ်သည်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ပေါင်မုန့်စားနေသည့် လူနာကိုရော၊ လူနာစားချင်သည်ဆိုသည်နှင့် ၀ယ်လာပေးသော လူနာစောင့်ကိုရော သူနာပြုဆရာမက မျက်နှာစူပုပ်ရင်း ဆူနေခြင်းဖြစ်သည်။

ဆူးWhere stories live. Discover now