Chapter-13.1.1

62.3K 1.8K 71
                                    

*Mecha နဲ့ *starship များက အမြဲတမ်းပဲစစ်​တပ်​ရဲ့ နိုင်​ဖဲ​တွေဖြ​​စ်​ကြသည်​။ သူတို့​တွေက အင်​ပါယာရဲ့စစ်​တပ်​အင်​အားကို အထိုက်​အ​လျောက်​ဖန်​တီး​ပေးနိုင်​သည်​။ အခု​တော့ အဲ့ဒီစွမ်းအားပြည့်​ဝတဲ့လက်​နက်​2ခုကို Queen က ထိန်းချုပ်​ထားပြီး လူသား​လောကကို ဖျက်​စီးရာမှာသုံး​လေ့ရှိသည်​။

(Kiley - *Mecha ဆိုတာ ​လူဝင်​ထိုင်​ပြီး ထိန်းချုပ်​​နိုင်​တဲ့ကြီးမားတဲ့စက်​ရုပ်​တစ်​မျိုးပါ. အာနိုးစက်​ရုပ်​ကား​တွေဟိုးအရင်​ကစက်​ရုပ်​ကား​တွေTerminalတို့ဘာတို့မှာ​တွေ့နိုင်​ပါတယ်​Avatar-1 ထဲမှာလဲ​ပါတယ်​. *Starship ဆိုတာက​တော့ စကြာဝဠာထဲက ဂြိုလ်​​တွေဆီကိုသွားလို့ရတဲ့ အာကာသယာဉ်​တမျိုးပါတဲ့. Transformer ထဲမှာပါတယ်​😁)

စစ်​တပ်​က Queen ရဲ့ပင်​ရင်း code ကို ဖျက်​စီးပစ်​ချင်​​နေ​ပေမယ့်​လည်း ဟက်​ကာအားလုံးက အ​ခြေခံကို​​တောင်မှ​ မထိုး​ဖောက်​နိုင်​ကြ​သေးဖူး။  Queen ရဲ့ပထမအကာအကွယ်​ကို ဝင်​​ရောက်​နိုငိဖို့ဆိုတာက ပိုလို့​တောင်​ မဖြစ်​နိုင်​ဖူး။ စစ်​တပ်​က ကြံရာမရဖြစ်​တဲ့အဆုံးမှာ​တော့ ရပ်​တန့်​​သွားလိမ့်​မယ်​​မျှော်​လင့်​ပြီး Queen ရဲ့စွမ်းအင်​ system ကို ဖြတ်​​တောက်​လိုက်​ကြ​တော့သည်​။ သို့​ပေမယ့်​ ထူးဆန်းတဲ့ကိစ္စက ဖြစ်​လာတယ်​။ စွမ်းအင်​ system ကို ဖယ်​ရှားထားတာ​တောင် ​Queen ရဲ့စက်​ယန္တရား​တွေက လည်​ပတ်​​နေတုန်းပဲ။ ပိုပြီး​တော့​တောင်​ အရှိန်​ပြင်းပြင်းနဲ့​ ချော​ချော​မွေ့​မွေ့ဖြစ်​​နေ​သေးတယ်​။

တစ်​ချိန်​တည်းမှာပဲပါရဂူ​တွေက Star network နဲ့ချိတ်​ဆက်​မိပြီး ဦး​နှောက်​​သေ​ရောဂါဖြစ်တဲ့ coma အဖြစ်​သို့ ကျ​ရောက်​​နေ​သောလူ​တွေကို သတိပြုမိသည်​။ သူတို့​အထင်​အရှားမှန်းဆမိလိုက်​သည်​။ ဝိဥာဉ်​လို့ အသိများကြတဲ့ဒီလူ​တွေရဲ့စိတ်​စွမ်းအင်​​တွေကQueenရဲ့စွမ်းအင်​အရင်းအမြစ်​အသစ်​ဖြစ်​​နေကြသည်​။

ီ​ ဒီ​နေရာမှာ သိပ္ပံနည်းကျတဲ့ အ​ခြေခံယူဆချက်​​တွေ မရှိ​သော်​လည်း စစ်​တပ်​သည်​ ဒီကိစ္စကိုအဓိက အ​ရေးကြီးတဲ့အရာအ​နေနဲ့ အ​လေးထားပြီး​တော့ အသက်​ရှင်​​နေ​သေးတဲ့လူနာ​တွေကိုကာကွယ်​ထားတဲ့​​နေရာသို့​ပြောင်း​ရွေ့ခြင်းကိုအာရုံထားလုပ်​​ဆောင်​​နေသည်​။ ဒီလူ​တွေရဲ့အချက်​အလက်​များကိုအတည်​ပြု ပြီး​နောက်​​တွေ့ရှိမှု​တွေကစစ်​တပ်​ကိုအံ့အားသင့်​သွား​စေခဲ့သည်​။ သူတို့အားလုံးက စက်​မှုနယ်​ပယ်​က ​ခေါင်း​ဆောင်​​တွေဖြစ်​​နေကြပြီး သူတို့ရဲ့စိတ်​စွမ်းအင်​​တွေက အလွန်​အား​ကောင်း​နေကြသည်​။ သူတို့ထဲက တ​စ်​​ယောက်​ဆိုရင်​​တောင်​ Galaxy ရဲ့အကာအကွယ်​ system ကိုတစ်​ကြိမ်​မက ကျူး​ကျော်​ဝင်​​ရောက်​ခဲ့တဲ့ထိပ်​တန်းဟက်​ဟာ ကျိုးယွင်​ရှန့်​ ဖြစ်​​နေသည်​။ သူ့အသက်​13နှစ်​မှာပဲစစ်​တပ်​ရဲ့အလိုရှိစာရင်းထဲကရာဇဝတ်​​ကောင်​တစ်​​ယောက်​ဖြစ်​လာသည်​။ သုံးနှစ်​နီးပါးသူ့ကိုရှာ​ဖွေဖမ်းဆီးရန်​ကြိုးစားခဲ့​တာ​တောင်​မှသူ့အရိပ်​ကို​တောင်​မထိနိုင်​ခဲ့ဘူး။

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now