အပိုင်း (၉)

7.4K 944 36
                                    


ဖြစ်ခဲ့သမျှ အဖြစ်အပျက်တွေ ပြန်တွေးကြည့်ရင် အတော်ကြီး ဆန်းကြယ်လွန်းလှသည်ဟု မို့ရန် တွေးမိလိုက်သည်။ ပထမ… ဘာမှန်းမသိသည့် ဆွဲဆောင်မှုကြောင့် နဂါးတံခါးကို တွေ့သည်။ ဒုတိယ သူမ မြို့ပျက်ထဲကနေ လက်စွပ်တစ်ကွင်း ကောက်ရသည်။ တတိယ… သူမ ဟွားဟူတောင်ကြားထဲ ပြုတ်ကျသည်။ စတုတ္ထ… သူမကို လူမှားသည်… အမှန်တော့ လူမှားခြင်းထက် ဘာလို့ရှေးခေတ်ကြီးကို ရောက်သွားရသနည်း။

အချိန်ခရီးသွားခြင်းက သူမအပေါ် သက်ရောက်သွားတာလား။ ဘေးပတ်ဝန်းကျင်ကို တွေ့လိုက်တော့ လမ်းပေါ်တွင် သွားလာလှုပ်ရှားနေကြသည့် လူများ၊ အဆောက်အဦးများက သူမ၏ ထင်မြင်ချက်ကို အမှားမဟုတ်ကြောင်း ပံ့ပိုးပေးနေသည်။ ကြီးစွာသော သက်ပြင်းကို ချလိုက်ရင်း မျက်ဝန်းတို့ကို မှိတ်ချလိုက်သည်။

"မဖြစ်နိုင်တာ…"

သူမ ဘယ်လိုပြန်ရမလဲ။ အပြင်းအထန်စဉ်းစားပေမယ့် အဖြေက ထွက်မလာ။ ငိုချင်လာသည်။

"မမလေး… နေမကောင်းလို့လား…"

"ငါ ဘာမှမဖြစ်ဘူး…"

"ခဏနားလိုက်ပါလား မမလေး… ခြေထောက်တွေ ပြန်နာနေဦးမယ်…"

တကယ်တော့ သူမခြေထောက်က လမ်းကောင်းကောင်းလျှောက်လို့ ရနေပြီဖြစ်သည်။ အားရှီနှင့် ကွမ်းချီက သူမကို အစိုးရိမ်လွန်ကာ လမ်းလျှောက်ဖို့ ခွင့်မပြုခြင်းပင်။ ဒီနေ့မှ သူမ သူတို့ကို လမ်းလျှောက်ကြည့်ဖို့ မဟားဒရား ပြောပြီးမှ  နားညည်းသက်သာသွားသည်။ ကျောက်ခုံပေါ်တွင် ထိုင်မိလိုက်ချိန်တွင် အိမ်ရှေ့တံခါးမှ လူ၎ဦး အိမ်ဝင်းထဲ ဆောင့်ကြွားကြွား ဝင်လာသည်ကို လှမ်းမြင်သဖြင့်

"အားရှီ… ဧည့်သည်တွေထင်တယ်…"

အားရှီက ထို၎ဦးကိုလည်း မြင်ရော မျက်နှာတွင် သွေးမရှိတော့သလို ဖြူရော်သွားသည်။ နှုတ်မှလည်း
"ဒုတိယနဲ့… တတိယ မမလေး…"

အားရှီပြောတဲ့ မွေးစားသမီးဆိုတာဖြစ်မယ်ဟု ခန့်မှန်းမိလိုက်သည်။ အမျိုးသမီး ၄ဦးထဲမှ နှစ်ဦးက သူမအနားရောက်သည်နှင့် သူမကို ခြေဆုံးခေါင်းဆုံး ကြည့်တော့သည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now