အခန်း(၂၈) ရှမ်းရိပင်းဘဝ

24.3K 2.3K 93
                                    

အခန်း(၂၈) ရှမ်းရိပင်းဘဝ

BGM song suggest >> A dream too late

သူတို့နှစ်​ဦးမြင်​ကွင်းကလွန်​​တော့မှ အိမ်​​ရှေ့မင်းသားက ကျိုးယွင်​ရှန့်​ ၏လက်​ကိုပြန်​လည်​ဆုပ်​ကိုင်​လိုက်​သည်​။ သူ့အမူအရာကနူးညံ့​နေ၏။

"ကိုယ်​​တော်​ စိတ်​လွှတ်​သွားမှာ မင်းစိတ်​ပူ​နေတာလား''

"အရှင့်​ကျွန်​ မလုပ်​ရဲပါဘူး။ ထိုက်​စစ်​တျန့်​ရှ က ဥာဏ်​အ​မျှော်​အမြင်​ကြီးသူပါ ဘယ်​လိုလုပ်​လွယ်​လွယ်​နဲ့ပြိုလဲပါ့မလဲ။ ကျွန်​​တော်​စည်းမ​ကျော်​သင့်​ဘူး ရှက်​ရွံမိပါတယ်​''

ကျိုးယွင်​ရှန့်​ သူ့ကို​မြှောက်​​ပြော​နေခြင်းမဟုတ်​။ အိမ်​​ရှေ့မင်းသားက ​ဆေးဖြတ်​ပြီး ပြန်​​ကောင်းလာကတည်းက သူ မကူညီရင်​​တောင်​မှ ထီးနန်းကို ကိုယ်​ဘာကိုယ်​တက်​နိုင်​လိမ့်​မည်​။ တစ်​ခါတစ်​​လေ​တော့ ကျိုးယွင်​ရှန့်​ အ​နေနဲ့ သူ့အကူအညီက အပိုများဖြစ်​​နေသလားလို့​တောင်​ခံစားမိသည်​။ အကြိမ်​​တော်​​တော်​များများ ကျိုးယွင်​ရှန့်​ ထင်​မိတာက ရှဲ့ယွိရို ​ဆေးခတ်​တာခံရတဲ့မင်းသားနဲ့ လက်​ရှိမင်းသားက တစ်​​ယောက်​စီများလာလို့​လေ။

မင်းသားကကျယ်​​လှောင်​စွာရယ်​လိုက်​ပြီး ​ကောင်​​လေးရဲ့လက်​​ချောင်း​တွေကိုညစ်​ကာ နှစ်​ကိုယ်​ကြား​ပြောလိုက်​သည်​ ''ယွင်​ရှန့်​ ရဲ့ တည်​ရှိမှုက ကူစစ်​နျန်​အတွက်​အကြီးမားဆုံးအကူအညီပဲ။ ယွင်​ရှန့်​သာမရှိရင်​ ဒီ​နေ့လို ကူစစ်​နျန်​ လည်းမရှိနိုင်​ဘူး''

ထို့​နောက်​သူ့ကခဏရပ်​လိုက်​ပြီး အမျိုးသားငယ်​​လေးရဲ့မျက်​နှာကို လက်​တစ်​ဖက်​နဲ့ထိ​တွေ့ပွတ်​သပ်​ရင်း ထပ်​​ပြောသည်​။
"မင်းကို ကိုယ်​​တော့်​နားပို့​ပေးခဲ့တဲ့ မိုးနတ်​မင်းကိုကိုယ်​​တော်​​ကျေးဇူးတင်​တယ်​သိလား။ မင်း ကိုယ်​​တော့်​အတွက်​စိတ်​ပူတဲ့အခါ ကိုယ်​​တော်​​ပျော်​တယ်​''

ကျိုးယွင်​ရှန့်​ ဒိအတိုင်းရပ်​​နေမိပြီးစကားမ​ပြောရဲ​ပေ၊ ဒီကမ္ဘာမတူသလို သူ့ရဲ့ဘဝသရုပ်​မှန်​ကလည်းမတူဘူး။ ပြီး​တော့ အမှုအကျင့်​​တွေလည်းမတူဘူး။ ဒီလူက ရင်းနှီးတဲ့အပြုအမူ​တွေခံစားရ​စေ​ပေမယ့်​လို့ သူအလွယ်​တကူနဲ့မ​ပျော်​ဝင်​ချင်​ဘူး။ ရှမ်းရိပင်းရဲ့ ဆု​တောင်းကသူ့မိသားစုကြီးပွားချမ်းသာဖို့နဲ့ ​အေး​အေးချမ်းချမ်း​ပျော်​​ပျော်​ရွှင်​ရွှင်​​နေရဖို့။ သူသာ​ခြေတစ်​လှမ်းမှားလိုက်​ရင်​ မူလရှမ်းရိပင်းရဲ့ ဆန္ဒကိုဖြည့်​ဆည်း​ပေးနိုင်​မှာမဟုတ်​ဘူး။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now