10

9.5K 1K 109
                                    


Zawgyi


"Warning" 😌

........................

"ဘာတွေလဲ Hun"

"အော်......အဖွဲ့သားတွေအတွက် ဝယ်ရင်း ကိုကို့ကိုလဲ ပို့ခိုင်းနေတာ"

ဒီနေ့ရှုတင်က ကိုကိုတို့ကျောင်းနဲ့ မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်မှာဖြစ်သည်။ မနေ့တုန်းက ကိစ္စနဲ့ပတ်သက်ပြီး ကိုကိုနဲ့သူ စကားမပြောတာ တစ်မနက်ကြီးတောင်ရှိသွားပြီ။ အမှန်ဆို သူကစိတ်ကောက်ရမှာကို ။ ထုံးစံအတိုင်း အလျှော့ပေးရတာက သူပါပဲ။

"ကိုကိုဆိုတာ?"

ဘေးနားက ဂျီယောင်းကို မျက်မှောင်ကျုံ့ကာကြည့်မိသည်။ စပ်စပ်စုစုတွေသူမကြိုက်။ ဒါပေမဲ့ ဒါကတော့ ပြောဖို့လိုသည်။ သဝန်တိုတာတွေ ဝန်ပိုတာတွေနှင့် ကိုကိုအထင်လွဲမှာတွေ မလိုချင်တာမို့။

"ကျွန်တော့်ချစ်သူပါ။ ရှေ့ကကျောင်းမှာပဲ နည်းပြဆရာ လုပ်တယ်လေ။ ပညာလောဘကြီးပုံကတော့ နောက်တစ်ဘွဲ့ပါ ထပ်ယူဖို့ကြိုးစားနေတယ်။ သူပါရဂူဖြစ်တာနဲ့ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။"

ပုခုံးကျော်က ဆံနွယ်ခွေလိပ်လိပ်ကလေးများကို လက်ညှိုးဖြင့်ထိုးဆော့ရင်း သူမရယ်၏။ Bag Brand ၏ တွဲဖက်ဖြစ်သော ဂျီယောင်းသည် လှ၏။ သို့သော်.....ကိုကိုစိတ်ကောက်တိုင်း သူ့ဘာသာ ခပ်နာနာဖိကိုက်တတ်သည့် ကိုကို့ အောက်နှုတ်ခမ်းပါးလောက်တောင် စိတ်ဝင်စားဖို့မကောင်း။

"Hun က အခုမှအောင်မြင်ခါစနော်....ဒီသတင်းသာ Hun ရဲ့ ပရိသတ်တွေကြားရင်....."

"အိုး...ဂျီယောင်းရှီ....ခဏ......အခုက ယောကျာ်းချင်းကြိုက်တဲ့ကိစ္စကိုပြောနေတာလား။ ဒီကိစ္စကြောင့် ကျွန်တော့်ဘဝတက်လမ်းပိတ်သွားနိုင်တာမျိုးလား။"

"မဟုတ်ဖူးလား..."

သူ့ရှေ့က သူမကို သနားစရာ သတ္တဝါတစ်ကောင်လိုသာကြည့်မိသည်။

"ဘဝဆိုတဲ့စကားလုံးက ကျွန်တော့်အတွက် ဘာအဓိပ္ပါယ်ရှိလဲဆိုတာ ဂျီယောင်းသိလား။  Oh Sehun ရဲ့ ဘဝကို ညီမျှခြင်းချရင် တစ်ဖက်မှာ Luhan ဆိုတဲ့နာမည်ထွက်တယ်။ အလုပ်ဆိုတာကို ကိုယ်ပိုင်ဝင်ငွေနဲ့  ကိုကို့ကို မိသားဖသားပီပီတောင်းရမ်းပြီး တင့်တင့်တယ်တယ်ထားနိုင်အောင် လုပ်နိုင်သလောက် အနားမနေပဲလုပ်နေတဲ့အမျိုးပဲ။ ဒီအလုပ်တွေကြောင့် ကျွန်တော်တို့ဘဝထဲ အက်ကြောင်းဖြစ်လာဖို့အရိပ်အယောင်သမ်းလာရင်တောင် ချက်ချင်းဖြတ်ချပစ်ဖို့ ဝန်မလေးဘူး။ အင်း...ခင်များ ကျွန်တော့်ရဲ့ Dark Side ကို ပထမဆုံးမြင်ဖူးတာဖြစ်လိမ့်မယ်။ မတတ်နိုင်ဘူးဗျာ။ ကျွန်တော်က ကိုကိုနဲ့ပတ်သက်လာရင် သွေးဆူလွယ်တဲ့အမျိုးမို့။

Shuu!(COMPLETED)Where stories live. Discover now