အခန်း (၁)

37.3K 1.3K 3
                                    

Zawgyi Ver:

ရန်​ရှီနဉ်​၏ မက်​မွန်​​ပင်​​[၁]လေးမှာ သနားစဖွယ်​ဖြစ်​​နေသည်​။

သူမ အသက်​ဆယ့်​ရှစ်​နှစ်​ပြည့်​တာ​တောင်​ သူမမက်​မွန်​ပင်​​လေးမှာ တစ်​ခါပဲပန်းပွင့်​ဖူး​သေးသည်​။

သူမသည်​ ကျန်းမာလှပသူဖြစ်​ပြီး ဆိုးရွား​သော မိန်းက​လေးတစ်​​ယောက်​လည်းမဟုတ်​ပေ။ သို့​သော်​ သူမကို ပိုးပန်းသည့်​​ယောက်ျားတစ်​​ယောက်​မှမရှိတာ ဘာ​ကြောင့်​လဲ​တော့ သူမလည်းမသိ။ ဒါတကယ်​ကို ရူးစရာ​ကောင်းတဲ့အ​ခြေအ​နေပဲ။

သူမအ​ဖေက အမတ်​ချုပ်​ကြီးရန်​ကျင်း...။ စိတ်​မ​ကောင်းစရာက​တော့ သူမက သူမအ​ဖေ၏​ရွှေသမီးမဟုတ်​ခြင်းပင်​။

ရန်​ကျင်းသည်​ ဥာဏ်​မ​ကောင်း​သော​ကျောင်းသားတစ်​​ယောက်​ဖြစ်​၍ ဆယ်​နှစ်​​လောက်​ အပတ်​တကုတ်​ကြိုးစား​လေ့လာဆည်းပူးခဲ့ရသည်​။ ထိုအချိန်​အ​တောအတွင်းတွင်​​တော့ ရန်​ရှီနဉ်​၏အ​မေ တွမ်းသီက အစစအရာရာပါရမီဖြည့်​​ပေးခဲ့သည်​။ ရန်​ကျင်းနှင့်​တွမ်းသီတို့သည်​ အရမ်းချစ်​ကြ​သောဇနီး​မောင်​နှံနှစ်​​ယောက်​ဖြစ်​ကြ​သည်​။ သို့​သော်​ သူသည်​ နန်းတွင်းစာ​မေးပွဲ​ဖြေရန်​ နန်း​တော်​သို့ ​ဝင်​ရောက်​ခဲ့စဉ်​တွင်​ မင်းသမီးခန်းဟွာ ၏အာရုံကို ဖမ်းစားခဲ့​လေသည်​။

ရန်​ကျင်းမှာ ​ဘေးကျပ်​နံကျပ်​အ​ခြေအ​နေမျိုးနှင့်​ ရင်​ဆိုင်​ရ​တော့သည်​။ တစ်​ဖက်​ကလည်း သူချစ်​ရ​သောတွမ်းသီ၊ တစ်​ခြားတစ်​ဖက်​ကလည်း သူ့ဘဝတက်​လမ်း။ သူ၏ ​နောက်​ဆုံးဆုံးဖြတ်​ချက်​က​တော့ နှစ်​ခုလုံးလက်​မလွှတ်​နိုင်​၍ မင်းသမီးခန်းဟွာကို လက်​ထပ်​ဖြစ်​ခဲ့သည်​။

သူ့ဘဝက ပြည့်​စုံ​နေပြီလို့ သူထင်​​နေခဲ့​ပေမယ့်​လည်း မင်းသမီးခန်းဟွာနှင့်​သူ့ရဲ့ မင်္ဂလာဦးညမှာပင်​ တွမ်းသီသည်​ သူမပိုင်ဆိုင်​သမျှကို ထုပ်​ပိုးကာ သူမမိသားစုများရှိရာ ​မွေးရပ်​​မြေသို့ ပြန်​သွား​ခဲ့လေသည်​။ သူမ​မွေးရပ်​​မြေမှာပင်​ ရန်​ရှီနဉ်​ကို ​မွေးဖွားခဲ့​သော်​လည်း မြို့​တော်​ကို​တော့ ဘယ်​​တော့မှ တွမ်းသီပြန်​မလာခဲ့။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now