အခန်း (၂)/ ခ

12.2K 1.2K 19
                                    

Zawgyi Ver:

မနက်​ခင်းအချိန်​​စော​စောတွင်​ ရန်​ရှီနဉ်​ သူမဆံပင်​ကို ဖြီးသင်​​နေစဉ်​ သူမအခန်းတံခါး ပွင့်​လာခဲ့သည်​။

ချက်​ချင်းမှာပင်​ စူးရှ​မွှေးပျံ့​သောအ​မွှေးနံ့တစ်​ခုက သူမအခန်းတစ်​ခုလုံးကို ပျံ့နှံ့သွားသည်​။ သူမ လှည့်ကြည့်စရာမလိုပဲနဲ့ ဝင်​လာသူသည်​ သူမညီမရန်​ရှီထျင်းဆိုတာ သိလိုက်​သည်​။

ရန်​ရှီထျင်းသည်​ အသက်​ဆယ့်​​ခြောက်​နှစ်​ဖြစ်​ပြီး သူမထက်​ နှစ်​နှစ်​ငယ်​သည်​။ သူမစိတ်​သ​ဘောထားကို ​ဘေးဖယ်​ထားလိုက်​လျှင်​ သူမညီမမှာ တကယ်​ကို ရှားပါး​သောအလှပိုင်​ရှင်​ဖြစ်​​ပေသည်​။

ရန်​ရှီထျင်း၏အသားအ​ရေမှာ ဖြူ​ဖွေးကာ အထိမခံ​လောက်​​အောင်​နူးညံ့ပြီး ​သေးသွယ်​​သောခါး၊ သွယ်​လျရှည်​လျား​သော​ခြေ​ထောက်များနှင့်​ ဘယ်​ဝတ်​စုံဝတ်​ဝတ်​ ကြည့်​​ကောင်းသည်​။ နဂိုလှပြီးသားမျက်​နှာကို ပိုလှ​အောင်​ မျက်​နှာ​ချေကို မည်​သို့ လိမ်းရမည်​ကိုလည်း ရန်​ရှီထျင်း သိသည်​။

ရန်​ရှီထျင်းကို သူမပထမဆုံးအကြိမ်​​တွေ့စဉ်​က ရန်​ရှီထျင်းသည်​ သူမတို့တိုင်းပြည်​၏ စံပြအလှပိုင်​ရှင်​ဟု သူမထင်​ခဲ့​သည်​။ သူမခန့်​မှန်းထားသလိုလည်း ရန်​ရှီထျင်းက ဖြစ်​လာခဲ့သည်​။

ရန်​ရှီနဉ်​ခန့်​မှန်းထားသလို ရန်​ရှီထျင်း၏အလှသည်​ အသက်​အရွယ်​ကြီး​ရင့်​​သော ဘုရင်​မင်းမြတ်​က သတိထားမိပြီး ​တော်​​ကောက်​တာမျိုးမဟုတ်​ဘဲ သူမအလှသည်​ အိမ်​​ရှေ့မင်းသားအတွက်​ သီးသန့်​ရည်​ရွယ်​ခဲ့ပုံရသည်​။

အိမ်​​ရှေ့မင်းသားသည်​ အမတ်​ချုပ်​ကြီး၏​ရွှေသမီးကို လက်​ထပ်​ခြင်းသည်​ အိမ်​​ရှေ့မင်း​နေရာကို တည်​မြဲ​စေပြီး သူတို့မင်္ဂလာပွဲ​ကြောင့်​ နှစ်​ဖက်မိသားစုနှစ်​ခုလုံး အကျိုးရှိသည်​။ သူတို့မင်္ဂလာပွဲအတွက်​ တစ်​ခုတည်း​သော အတားအဆီးအ​နှောက်​အယှက်​သည်​ ​ရွှေသမီး၏အစ်​မကြီး သူမကိုယ်​တိုင်​ပင်​ ဖြစ်​​တော့သည်​။ ​ရွှေသမီး သူမထံ လမ်း​လျှောက်​လာစဉ်​တွင်​ သူမ စိတ်​မပါလက်​မပါ ပြုံးပြလိုက်​ရသည်​။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now