အခန်း (၃)/ က

11K 1.2K 10
                                    

Zawgyi Ver:

အိမ်ရှေ့မင်းသားပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ရန်ရှီနဉ်သည် ဖေကျင်းနားကနေ ထွက်ပြေးလာခဲ့တယ်။

ဖေကျင်းက အတိတ်ကိုပြန်လည်အမှတ်ရရင်း ရန်ရှီနဉ်ရဲ့နောက်ကျောကို ခေတ္တကြာအောင် ငေးကြည့်နေခဲ့တယ်။

"ညီငယ်လေး....မင်း ဘာတွေတွေးနေတာလဲ?....." ဖေကျန်းကမေးခဲ့တယ်။

"အစ်ကို(၇).... ကျွန်တော် နန်းတွင်းဥယျာဉ်ကို ကြိုက်နှစ်သက်လို့ပါ....." ဖေကျင်းကပြောခဲ့တယ် "အဲ့ဒါက ကောင်းကင်ဘုံကရှုခင်းလို့တောင် ထင်မိတယ်...."

"ကြည့်ရတာ ငြီးငွေ့ဖို့ကောင်းပါတယ်...." ဖေကျန်းကပြောခဲ့တယ်။

ဖေကျင်းက သူ့အစ်ကို(၇)ရဲ့ စကားကို မငြင်းပယ်ခဲ့ဘူး။

ဖေကျန်းက ရန်ရှီနဉ်ရဲ့ နောက်ကျောကို ငေးကြည့်နေခဲ့တယ်။ "ညီငယ်လေး......မင်း ငါတို့ညီလေးနဲ့ ရန်မိန်းကလေးအကြောင်း သ်ပြီးပြီလား?...."

"ကျွန်တော် မကြာသေးခင်ကမှ တောင်ဘက်နယ်စပ်ကနေ ပြန်ရောက်တာ....." ဖေကျင်းကပြောခဲ့တယ်။ "အစ်ကို(၇).....ကျွန်တော် အဝေးရောက်နေတုန်း မြို့တော်မှာ ဘာတွေများဖြစ်လို့လဲ?....."

"ညီငယ်လေး မင်းနောက်နှစ်အစောပိုင်းမှာ မင်္ဂလာသေရည်သောက်ဖို့သာ ပြင်ထားလိုက်တော့....." ဖေကျန်းကပြောခဲ့တယ်။

"တကယ်လား!!!...." ဖေကျင်းက ပြန်မေးခဲ့တယ် "ဘယ်လို သတင်းကောင်းမျိုးပါလိမ့်...."

ဖေကျင်းရဲ့ ပြုံးတုံ့တုံ့မျက်နှာထားက ဖေကျန်းရဲ့ ပြောချင်စိတ်ကို ထိန်းမနိုင်သိမ်းမရဖြစ်စေတယ်။

"သတင်းကောင်းက အိမ်ရှေ့စံမင်းသားအတွကပဲ....." ဖေကျန်းကပြောခဲ့တယ်။ "ရန်ကျင်းရဲ့အကူအညီနဲ့ အိမ်ရှေ့စံကတော့ ပိုပြီးလွယ်လွယ်ကူကူနဲ့ အမြင့်ရောက်တော့မယ်...."

"ရန်ဝန်ကြီးချုပ်က အင်အားတောင့်တင်းပြီး ဝရိယရှိတဲ့ တရားရုံးအရာရှိအဖြစ် ကျော်ကြားတယ်...... သူကျောထောက်နောက်ခံပေးတဲ့ဘယ်သူမဆို အာဏာပိုရမှာပဲ...." ဖေကျင်းကပြောခဲ့တယ်။

ဖေကျန်းကသူ့အတွက်အခွင့်အရေးတစ်ခုမှမရှိဘူးလို့ထင်ရစေတဲ့ ဖေကျင်းရဲ့စကားတွေကနေတဆင့်သိလိုက်ရတဲ့အခါ သူ့မျက်ဝန်းတွေက မှောင်မိုက်လို့နေတယ်။ ဖေကျန်းရဲ့ အိမ်ရှေ့စံကို ဖယ်ရှားချင်တဲ့ဆန္ဒတွေက ထင်ရှားနေတယ်။ သူက သူ့ညီငယ်(၉)ရဲ့ အထောက်အပံ့ကိုလည်း လိုချင်ခဲ့တယ်။ လွန်ခဲ့တဲ့(၂)နှစ်က ညီလေး(၉)ကို သူ့ကိုကူညီဖို့ လျှို့ဝှက်စွာမေးခဲ့ပေမယ့် ညီလေး(၉)က သူ့ဆန္ဒနဲ့သူ တောင်ပိုင်းနယ်စပ်ကိုသွားပြီး ပုန်ကန်သူတွေကို နှိမ်နင်းခဲ့တယ်။ ညီ(၉) ထွက်သွားတဲ့အချိန်မှာပဲ ညီ(၉)ဟာ ထီးနန်းလုဖို့စိတ်မဝင်စားဘူးဆိုတာ သူသိခဲ့တယ်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now