အခန်း (၁၄)

7K 841 32
                                    




"အလှ…. လေး… ကိုယ့်ဆီ… လာ… ပါ… ဦး…"


"ရှင်က ဘယ်သူလဲ…. ဘာအတွက် ဒီအခန်းထဲ ဝင်လာရတာလဲ…"


"မင်းရဲ့…. ခင်ပွန်း….. ယောက်ျားလေ….."


ထိုလူရွယ်၏ မျက်နှာက အမတ်စုန့်၏ မျက်နှာနှင့် ခပ်ဆင်ဆင်မို့ စုန့်ချင်းလျိုမှန်း တန်းသိလိုက်သည်။ ဘယ့်နှယ့် သတို့သမီးလောင်းရှေ့မှာ မူးပြဲနေရသနည်း။ ဆန္ဒကို သိက္ခာနဲ့ ထိန်းပါဦး ကိုယ်တော်…!


သူမပါးနှစ်ဖက်ကို လက်ဖဝါးများဖြင့် ခပ်ကြမ်းကြမ်း လာကိုင်သည်မို့ ပုတ်ထုတ်လိုက်သည်။


"အဟက်.. ဟက်… မင်း  က… ရှက် လို့… လား…"


"ရှင်သာ အရှက်ရှိရင် အခန်းထဲက အခုချက်ချင်း ထွက်သွား…."


"ဘာလို့ ထွက်သွားရမှာလဲ… မင်းက ကိုယ့်ဇနီးဖြစ်တော့မှာ…. ကိုယ့်ဇနီးလောင်း အခန်းထဲ ဝင်ကြည့်တာ ဘာဖြစ်သွားမှာမို့လဲ…"


သူမပုခုံးကို ဆွဲယူပြီး ဆွဲလားရမ်းလား လာလုပ်နေသည့် နှာဗူးကောင်၏ ခွကြားသို့ ခြေထောက်ဖြင့် သေကွင်းသေကွက်ရှိရာ ချိန်ပြီး ကန်သည်။ သူမခြေထောက်က နှာဗူးကောင်ရဲ့ ခွကြားမရောက်မီမှာပင် ခြေထောက်ကို ဒူးဖြင့် ပြန်ခံကာ လူကိုလည်း ခုတင်ပေါ်သို့ အားဖြင့် တွန်းချခြင်း ခံလိုက်ရသည်။


"မင်းက ဘယ်ဆိုးလို့လဲ…. စိတ်ဝင်စားဖို့ကောင်းလာပြီ…"


"ထပ်တိုးမလာနဲ့…. ငါအော်လိုက်မှာ…"


"ဟား ဟား… အော်လေ… ရှိသမျှ အစေခံတွေ ငါ ဖယ်ထားပြီးပြီ… မင်းအော်လည်း မထူးပါဘူး…. အလှလေးရယ်…"


"ကြက်သတုံးကောင်…."


သူမ၏ လက်များကို နောက်ပြန်လိမ်ချုပ်ထားသည်ကို တတ်ထားသမျှ အကွက်ပေါင်းစုံဖြင့် ရုန်းသော်လည်း စုန့်ချင်းလျိုက သူမကို အင်အားသုံးကာ အတင်းအကြပ်ပင် ဆွဲချုပ်ထားသည်။ လွတ်အောင် မရုန်းနိုင်သည့်အပြင် အင်္ကျီကိုပါ ပုခုံးတစ်ဝက်ရောက်သည်အထိ ဆွဲချွတ်ခံလိုက်ရသည်မို့ မျက်လုံးက ပြာထွက်သွားသည်။ အစော်ကား ခံရလေခြင်း….

ကြင်ယာတော် "မို့ရန်"Where stories live. Discover now