စားပွဲပေါ်က ဆေးလိပ်ပြာခွက်ကို ကောက်ကိုင်ကာ လွှဲ၍ ပစ်ပေါက်လိုက်တာကို မြင်သော်လည်း နမ်ဂျွန်မရှောင်မိ။ .. ပူခနဲဖြစ်သွားပြီး တဖြည်းဖြည်း နာကျင်မှုဘက်သို့ ကူးပြောင်းလာတဲ့အထိလည်း နမ်ဂျွန် မလှုပ်ရှားဘဲ ဆက်ရပ်နေမိတုန်းပင်။
ဖြစ်လာမည့် အခြေအနေတွေကို နမ်ဂျွန် ကြိုတင်တွက်ဆထားပြီးသားမို့ အခုအနေအထားကို သိပ်တော့ မအံ့သြ။
နမ်ဂျွန် ခပ်တောင့်တောင့်ရပ်ကာ ထပ်၍ အပြစ်ပေးလာမှာကို စောင့်နေလိုက်သည်။ ဆုံးရှုံးသွားရသည့် တန်ဖိုးက နည်းနည်းနောနောမှ မဟုတ်တာ။ အမှန်တကယ် သတ်မပစ်လျှင်ပင် သူ့အပေါ် သက်ညှာရာကျနေပြီဆိုတာ နမ်ဂျွန် သိသည်။
မလှုပ်မယှက်ရပ်နေသည့် နမ်ဂျွန်ကို ကြည့်ရင်း ဂင်မ်နမ်ချောလ် တရိပ်ရိပ်တက်လာသည့် ဒေါသတွေက ထိန်းမရဖြစ်လာသည်။
" ဒီလောက်ပမာဏ ပိုက်ဆံကို တစ်ရက်ထဲနဲ့ မြောင်းထဲလွှင့်ပစ်ခဲ့တာ !. ပြီးတော့လည်း အဲဒါက ဘာမဟုတ်တဲ့ကောင်အတွက်နဲ့ ! "
အသက်ရှူသံတွေမြန်ကာ ဒေါသကြောင့် မျက်ဝန်းတို့ ရဲရဲနီလာသည့် သူ့ အဖေကို သူ တစ်ချက်မော့ကြည့်လိုက်သည်။
" ဆော့ဂျင်က ဘာမဟုတ်တဲ့ သူ မဟုတ်ဘူး အဖေ "
အဖေ ဘာပြောပြော ဘာလုပ်လုပ် သူ့ကို သေလောက်အောင် ရိုက်နှက်ရင်တောင် သည်းခံဖို့ သူ ဆုံးဖြတ်ပြီးသားဆိုပေမယ့် သူ သည်းခံရမယ့် အကြောင်းရင်းထဲမှာ ဆော့ဂျင်ကို ထိခိုက်စေမယ့် စကားလုံးတွေနဲ့ အပြုအမူတွေ မပါ။
ဆော့ဂျင်ကို ထိခိုက်လာမယ်ဆိုရင် အဖေဆိုရင်တောင် သူ ခွင့်လွှတ်မှာမဟုတ်။
" မင်းက အခု ငါ့ကို အာခံနေတာလား ? "
" မဟုတ်ဘူး .. ကျွန်တော့်အမှား ကျွန်တော် သိတယ် .. အဖေသာ ဆော့ဂျင်ကို မထိခိုက်ဘူးဆိုရင် ဘာအပြစ်ပဲပေးပေး ကျွန်တော် လက်ခံမှာပါ "
YOU ARE READING
The Day without YOU (THE NAMJINIST) Z+U
Short Storyမင်းနဲ့အတူသာဆို လျှောက်ရမယ့်လမ်းက ပန်းခင်းလမ်းမဟုတ်ဘဲ ဆူးဝန်းရံလို့ ဒဏ်ရာပရဗွနဲ့ သွေးတစက်စက်ကျရလည်း ကိုယ် မမှုဘူး ...မင်းနဲ့အတူသာဆို လေထန်ပြီး မိုးသက်မုန်တိုင်းဘယ်လောက် ကြမ်းပါစေ ကိုယ် မတွန့်ဆုတ်ဘူး ... မင်းလက်ကိုသာ တ...