စာမေးပွဲနောက်ဆုံးနေ့လေး.....
စာမေးပွဲဖြေပြီးအခန်းထဲကထွက်လာရတဲ့
Feelingကဘာနဲ့မှမလဲနိုင်ဘူးလေ...
ခင်ဗျားတို့ကော ထောက်ခံလားဖြေနိုင် မဖြေနိုင်အသာထား စာမေးပွဲပြီးပြီ
ဆိုတာနဲ့ တလောကလုံးကိုပိုင်ဆိုင်ရတဲ့
အတိုင်းဇွတ်ပျော်သွားတယ်မဟုတ်လား
မညာနဲ့ကျွန်တော်လင်းလက်ကာရန်တော့ အတော့အတော်ပျော်တာပါဆို
"ဖြေနိုင်တယ်မဟုတ်လား "
"မသိဘူး"
ကျွန်တော့်မှာတော့အားတက်သရော်မေးလိုက်ရ
တာ အာဏာဆိုတဲ့မကောင်းဆိုးဝါးပြန်ဖြေ
တဲ့အဖြေက အားရစရာ"ကိုယ်ဖြေတာတောင်ကိုယ်မသိဘူးလား"
"အောင်တော့အောင်မှာပါကွာ....စာမေးပွဲ
ဆိုတာ မဖြေတဲ့သူနဲ့သေတဲ့လူပဲကျတာ...ကဲ
ပြီးပြီဆိုတော့ လျောက် လည်ရအောင်လေ""လျောက်မလည်ချင်ပါဘူး စာမေးပွဲတုန်းက
ပင်ပန်းထားတာကို....ပြန်အိပ်တော့မယ်...
ဝါးး"ကာရန်တယောက်အာဏာစကားကို ပြန်ဖြေရင်း ပါးစပ်ကလဲသန်းလိုက်သေး
"အဲဆို ငါလဲမင်းနဲ့လိုက်အိပ်မယ်"
"ဘာ!!!...ဘာပြောတယ်"
ကာရန်တယောက်မျက်နှာကြီးရဲကာ
ဇွတ်အော်ရင်း အာဏာခြေထောက်ကိုလဲ
ကန်ပစ်လိုက်သေး....."လဒလေး...သေချင်လို့လား ငါ့ကိုကန်တယ်
ပေါ့ဟုတ်လား...နာတော့မယ်"အဲလိုမင်းစက်အာဏာဆိုသည်မှာလဲ
ပါးစပ်ကဘဲ့အမြဲခြိမ်းခြောက်နေတာ
သူ့ကာရန်လေးကို လက်ဖျားနဲ့တောင်
တိရက်တာမဟုတ်ဘဲ....မင်းစက်အာဏာ ခြိမ်းခြောက်လိုက်တော့
ကာရန်ဇက်ကလေး ပုခနဲ .....သူလေးကလဲကြောက်ရှာတာ ...ဟိုက
မလုပ်ရက်တာကိုများဒီနှစ်ယောက်ကတော့ ဟုတ်နေတာပဲမဟုတ်
လား....." ငါရိုးရိုးသားသားပြောတာကိုလေ...
ဟော ဒီဦးနှောက်လေးကလေ အဲဒါပဲတွေးနေ"မင်းစက်အာဏာက ကာရန်နားထင်လေး
ကိုလက်ညှိုးလေးနဲ့တွန်းပြီးပြောတော့
ကာရန်ကတော့သူ့ဘာသူရှက်ပြီး
ရယ်ကျဲကျဲလုပ်လို့