စစ်မှန်သော

19.6K 1.3K 52
                                    

မင်းကို မလှဘူး ရုပ်ဆိုးတယ်လို့ ပြောလို့
မင်း ကွယ်ရာမှာ ကြိတ်ငိုတယ်။

မင်းဟာ စာမတော်ဘူး။ ညံ့ဖျင်းတယ်လို့ ပြောလို့
မင်း မျက်ရည်ကျတယ်။

မင်းဟာ ဝတယ်။မင်းဟာပိန်တယ် လို့
အကြောင်းပြချက်တွေ ပေးပြီး မင်းကို အပယ်ခံအဖြစ် သတ်မှတ်ကြတယ်။

ဒါကြောင့်မင်းငိုတယ်။
မင်း ငိုပြီးရင် ငိုတယ်။
မင်း ငိုတယ်။

မဟုတ်ဘူး
မင်း ငိုရမှာ မဟုတ်ဘူး…
မင်း ပျော် ရမှာ…

မင်းရဲ့ အရှိကို အရှိတိုင်း လက်မခံနိုင်တဲ့သူတွေက
မင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ငြင်းငယ်လိုက်တဲ့ အတွက် မင်း ပျော်ရမှာ…
အနည်းဆုံးတော့ Fake ဆိုတဲ့ အရာတွေ မရတော့ဘူးပေါ့။

မင်းရဲ့ နောက်ကွယ်မှာ…
သူတို့မမြင်လိုက်တဲ့ တန်ဖိုးရှိတဲ့ စိတ်နှလုံး
ကိုယ်ချင်းစာတတ်မှု ချစ်ခြင်းတရား စစ်မှန်တဲ့ စိတ်ရင်း… ဒါတွေကိုသူတို့မမြင်ပဲ အပေါ်ယံပဲ ကြည့်ပြီး မင်းကို လျစ်လျူ ရှုသွားတဲ့အတွက် မင်းပျော်ရမှာ။

ဘာကြောင့်လဲဆိုတော့ မင်းရဲ့ စစ်မှန်တဲ့ နှလုံးသားကို မြင်သွားပြီး မင်း ကို တန်ဖိုးထားမယ့်လူတွေ နဲ့ တွေ့လာရမှာမို့
သူတို့က နေရာဖယ်ပေးလိုက်ရတဲ့ သဘောပဲ။

မငိုနဲ့ Girl……
အဲ့လိုလူတွေရဲ့ မျက်နှာကိုစေ့စေ့ကြည့်ပြီး
ပြုံးပြလိုက်ပါ။
ပြီတော့ လမ်းဖယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လဲပြောလိုက်ပါ။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now