Chapter-13.2.1

15.7K 1.3K 66
                                    

မုန့်​ဝမ်​က USBကို ယူလာပြီး ဓာတ်​​လှေကားထဲသို့ ဝင်​လိုက်​တယ်​., ပြီး​တော့ အ​ပေါ်ဆုံးအထပ်ရဲ့ ​နံပါတ်​ကို နှိပ်​လိုက်​တယ်​။ သူမ​ဘေးနားမှာ ရပ်​​နေတဲ့ လုပ်​​ဖော်​ကိုင်​ဖက်​တစ်​​ယောက်​က တခစ်​ခစ်​ရယ်​ရင်း... "အကြီးအကဲကျိုးကို data လာပို့တာလား?"

"ဟုတ်​တယ်​...မစ္စတာကျိုးက အပတ်​တိုင်း ငါတို့ရဲ့အချက်​အလက်​​တွေကို ပြန်​စစ်​တယ်​., ဒါက ပုံမှန်​ လုပ်​ရိုးလုပ်​စဉ်​ပဲ​လေ. ဒါ​ကြောင့်​ ဒီ​နေ့ သူ မ​ခေါ်ခင်​ ငါတို့ဌာနမှူးက ငါ့ကိုအရင်​ အချက်​အလက်​လာပို့ခိုင်းတာ"

"data အားလုံးကို...ရှုပ်​​ထွေးတဲ့ပရိုဂရမ်​နဲ့ code ​တွေကို သူ ဘယ်​လိုလုပ်​ပြီးနားလည်​မှာလဲ? သူက IT ထဲကမှ မဟုတ်​တာ. ငါ ခန့်​မှန်းမိသ​လောက်​က​တော့...သူက အချက်​အလက်​လာပို့ ပေးတဲ့ လူကိုများ မြင်​ချင်​လို့လားမှ မသိတာ" အဲ့လုပ်​​ဖော်​ကိုင်​ဖက်​က အဓိပ္ပါယ်​ပါပါ ပြုံးပြတယ်​။

မုန့်​ဝမ်​ အရမ်းပဲ ကသိက​အောက်​ ဖြစ်​မိတယ်​...သူမလက်​ကို အိတ်​ကပ်​ထဲ ထည့်​လိုက်​ပြီး တိတ်​တိတ်​​နေလိုက်​တယ်​။ ဒီပြီးခဲ့တဲ့ 6 လမှာ ကျိုးယွင်​ရှန့်​က သူမကို အရူးလိုလိုက်​​နေတာ...ဒါ​ပေမယ့်​ သူက တခြားမိန်းမ​တွေနဲ့ ဟိုလိုလိုဒီလိုလို ဆက်​ဆံ​ရေးမျိုး​တွေလည်း ရှိ​နေ​သေးတယ်​... ဒါက သူမကို အလွန်​စက်​ဆုပ်​ရွံ့ရှာမိ​စေတယ်​။ ဒီလိုလူတစ်​​ယောက်​က အချစ်​ဆိုတာ...ဘာမှန်း​တောင်​ သိရဲ့လား? ရယ်​စရာ​တွေ...တဏှာဆိုတာပဲ ကြီးစိုး​နေတဲ့သူကများ၊ သူ့ပိုက်​ဆံ​တွေနဲ့ အဆင့်​အတန်းကို ​ဘေးဖယ်​လိုက်​ရင်​...သူ့မှာ ဘာမှမရှိဖူး., သူက ကျစ်​​ဖေးရဲ့ ခြေဖျား​တောင်​ မမှီဖူး။

လုပ်​​ဖော်​ကိုင်​ဖက်​​တွေက မုန့်​ဝမ်​ရဲ့မျက်​နှာအမူအရာဟာ သ​င်္ဘောပျက်​တစ်​စင်းလိုပဲ နစ်​မြုပ်​​နေတာကို မြင်​​တော့ သူတို့ ရဲ့ နောက်​​ပြောင်​မှုက အရမ်းများသွားတယ်​လို့ ထင်​မိကြတယ်​...အဲ့ဒါ​ကြောင့်​ သူတို့ ရဲ့ စ​နောက်​မှုကို ရပ်​လိုက်​တယ်​။

ကုမ္ပဏီရဲ့ အ​ပေါ်ဆုံးထပ်​မှာ, မုန့်​ဝမ်​က ဥက္ကဌ ရုံးခန်းကို တည့်​တည့်​​လျှောက်​သွား​ပေမယ့်​ အတွင်း​ရေးမှူးရုံးခန်းကိုဖြတ်​​ရင်း အထဲသို့ မသိမသာ​​စောင်းကြည့်​လိုက်​​သေးသည်​။ ​ရှောင်​ဆန်းက ဖုန်းတစ်​​ကောလ်​ကို ​ဖြေ​နေတယ်​...သူ့မျက်​နှာက အရမ်း​ဖျော့​တော့​နေပြီး​တော့ သူက တစ်​စုံတစ်​ရာ​ကြောင့်​ စိတ်​ဖိစီး​နေပုံရတယ်​။

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now