Chapter 9

11K 1.3K 168
                                    

Zawgyi Ver

"ဘယ်မှာလဲ?"

လူကြီးရဲ့မေးခွန်းထွက်လာတာနဲ့ သူတံခါးကို တမင်ကြားအောင် စောင့်ပိတ်ချလိုက်တယ်။ ကျိုးယွင့်ရှန်ပုံစံက စိမ်ပြေနပြေရှိနေပင်မယ့်လည်း စိတ်အနှောင့်အယှက်ဖြစ်ကာ ကူရာမဲ့နေတဲ့ လေသံနဲ့

"ကျွန်တော် Han Mountain Bussiness Clubရဲ့ အခန်းနံပတ်(၁၀၈)မှာ။ လာလို့ရမ . . ."

တဖက်က သူပြီးအောင်တောင် မပြောရသေးခင် ဖုန်းချသွားတယ်။ ကျိုးယွင့်ရှန်က ဖုန်းကိုသိမ်းလိုက်ကာ အိမ်သာ(ဘိုထိုင်အိမ်သာ)ပေါ်မှာ ခြေချိတ်ထိုင်ရင်း စောင့်နေလိုက်တယ်။

တစ်မိနစ်လောက်ကြာတော့ ကလပ်တံခါးကို bodyguardနှစ်ယောက်က ခြေထောက်နဲ့ကန်ဖွင့်လိုက်တယ်။ ချောင်းမို့ခွန်းက သူတို့နောက်က အသက်ရှုရပ်မတပ် ပြေးလာတယ်။ အခန်းထဲက ညစ်ညမ်းမြင်ကွင်းတွေတွေ့တော့ သူ့မျက်နှာက ရှုံ့မဲ့သွားတယ်။ သူဒေါသထိန်းကာ တစ်ကိုယ်ချင်းလိုက်စစ်ကြည့်တယ်။ အိမ်သာတံခါးပွင့်လာပြီး အထဲက မျက်ရည်တွေဝဲနေတဲ့ ဖြူဖပ်ဖြူလျှော်ကောင်လေးက သတိနဲ့လှမ်းချောင်းကြည့်တာ မြင်တော့ သူလန့်သွားတယ်။ သူတို့တစ်ယောက်ကိုတစ်ယောက် ခဏစိုက်ကြည့်နေကြတယ်။ သူခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားကာ သူ့ကုတ်အင်္ကျိကိုချိတ်ပြီး ကောင်လေးကိုယ်ပေါ်ကို တင်းကျပ်စွာခြုံထားပေးလိုက်တယ်။ ကလပ်မန်နေဂျာရဲ့ မပြီးနိုင်မစီးနိုင် တောင်းပန်နေမှုကို လျစ်လျူရှုကာ သူတို့ကလပ်ထဲက ထွက်လာကြတယ်။

ကားထဲရောက်တာနဲ့ ကုတ်အင်္ကျိကို ဖွင့်ကာ ကောင်လေးရဲ့ တစ်ကိုယ်လုံးကို ခြုံကြည့်ရင်း

"ဘာဖြစ်သွားသေးလဲ?"

တကယ်လို့ Driverနဲ့ bodyguardတွေသာ မရှိရင် သူက ကောင်လေးရဲ့ အဝတ်တွေအကုန်ချွတ်ကာ အတွင်းရောအပြင်ရော သေချာစစ်မယ့်ပုံပေါ်တယ်။

"သူတို့က ကျွန်တော့်ကို ဝိုင်နဲ့မုန့်တွေပေးပင်မယ့် ကျွန်တော်ထိတောင်မထိရဲလို့ ဘာမှမဖြစ်ပါဘူး။ တချို့သူတွေ ဆေးကြောင်ကြောင်နေတာမြင်တော့ ကျွန်တော်ကြောက်ပြီး အိမ်သာထဲဝင်ပုန်းနေတာ"

ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc 4)Where stories live. Discover now