ဆယ်စက္ကန့်ဆိုတာ သူတို့အတွက် ထွက်ပေါက်အထိရောက်အောင် ဆုတ်ခွာဖို့တောင် အချိန်မလောက်ဘူး။ နောက်ပြီး အပြင်မှာ သူတို့ရဲ့ညီအစ်ကိုတွေအများကြီး စောင့်နေသေးတယ်။ သူတို့တွေကိုစွန့်ပစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အခု ဘယ်လိုလုပ်ကြမလဲ?? အပြင်ကလူတွေအားလုံးကို အထဲကိုခေါ်ပြီးပဲ ပုန်းဖို့နေရာရှာရမလား?? ဒါပေမယ့် အပြင်ဘက်တံခါးက Titanium သတ္တုနဲ့လုပ်ထားတဲ့ တံခါးမဟုတ်ဘူး။ သာမာန်သံထည်နဲ့ပဲ လုပ်ထားတဲ့ တံခါးဖြစ်နေတယ်။ နောက်ပြီး တချို့နေရာတွေဆို သံချေးတောင်ကိုက်ပြီး အပေါက်တွေတောင်ဖြစ်နေပြီ။ ဒီအခြေအနေမှာ Zombie အုပ်ကြီးရဲ့ရန်ကို ဘယ်လိုမှတားဆီးပေးနိုင်မှာမဟုတ်လို့ သွေးမြေကျမယ့်တိုက်ပွဲကို ရှောင်ဖို့နည်းလမ်းမရှိတော့ဘူး။
တစ်မြို့လုံး ရှိရှိသမျှ Zombie တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကိုခံရရင် God Level စွမ်းအားရှင်တွေဖြစ်နေရင်တောင် အသက်ရှင်ဖို့မလွယ်ဘူး။
ကော်ကျစ်ရိန်ဟာ အတော့်ကို မသက်မသာခံစားနေရတယ်။ Password ကိုတွက်ဖို့တာဝန်ယူခဲ့တဲ့စစ်သားဟာလဲ ကိုယ့်ကိုကိုယ်မြေမြှုပ်ပစ်လိုက်ချင်စိတ်ပေါက်နေပြီ။ ကျန်တဲ့တပ်သားတွေအားလုံးရဲ့မျက်နှာပေါ်မှာလဲ မျှော်လင့်ချက်မဲ့သွားတဲ့အရိပ်အယောင်တွေပေါ်လာတယ်။
ကျိုးယွင်ရှန့်ဟာ သက်ပြင်းအသာချလိုက်တယ်။ အဲ့ဒီနောက် အရှေ့ထွက်လာပြီး တံခါးရဲ့ Unlock ခလုပ်ကို နောက်တစ်ခါ ထပ်နှိပ်လိုက်တယ်။ Digital မျက်နှာပြင်ပေါ်ကအချိန်ဟာ 12:07 မှာရပ်သွားပြီး ကျိုးယွင်ရှန့်ဟာ ဂဏန်းတွေကို တစ်ဆက်တည်းရိုက်ထည့်လိုက်တယ်။ တစ်ချိန်လုံးအနီရောင်သမ်းနေခဲ့တဲ့ အချက်ပြမီးရောင်ဟာ သာမာန်ခဲပြာရောင်ကို ချက်ချင်းပြောင်းသွားပြီး ကြီးမားလေးလံတဲ့တံခါးတစ်ချက်ဟာ ဖြေးညှင်းစွာထွက်ပေါ်လာတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေဟာ တစ်ခဏအတွင်းမှာ ပြီးဆုံးသွားတယ်။
ဘာလား?? အခုဘာတွေဖြစ်သွားတာလဲ?? အချက်ပြမီးအနီရောင်ကိုရပ်တန့်ဖို့ အချိန်သုံးစက္ကန့်ပဲရတော့တာ၊ သုံးစက္ကန့်အတွင်း Password သုံးခု?? Password တစ်ခုချင်းစီကလဲ အဆင့်ပေါင်းများစွာတွက်ချက်ရတယ်!!! ဒါပေမယ့် ဒေါက်တာပိုင်က တစ်ချက်လေးတောင်ရပ်ပြီး စဉ်းစားတာတောင်မရှိပဲ Password အမှန်တွေကို တန်းစီရိုက်ထည့်သွားတယ်!!! အဲ့ဒါဆို...သူ့ဦးနှောက်က ဒီလောက်ခက်ခဲနက်နဲတဲ့တွက်ချက်မှုတွေလုပ်ဖို့ အချိန်တစ်စက္ကန့်တောင်မလိုဘူးဆိုတဲ့သဘောလား??
YOU ARE READING
အမှောင်ထဲက [Face of the Devil]
FantasyOriginal Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်က hacker တစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord God ရဲ...