မျှော်လင့်ချက်

4.3K 633 15
                                    

ဒီနေ့ ပုံပြင်လေးတစ်ခု ပြောပြချင်တယ်။

ရှေးရှေးတုန်းက နတ်သားတစ်ပါးရှိတယ်တဲ့။အဲ့နတ်သားဟာနတ်ပြည်က မီးကို ခိုးယူပြီး လူ့ပြည်က ယောကျာ်းတစ်ယောက်ကို ပေးတယ်တဲ့။

အဲ့တာကို နတ်မင်းကြီးက သိတော့ သိပ်စိတ်ဆိုးသွားရော။
နောက်တော့ သူရဲ့ သားကို ခေါ်ပြီး  "လူ့ပြည်မှာ ရှိတဲ့ ယောကျာ်းတွေကို ဒုက္ခရောက်အောင် လုပ်စမ်း" ဆိုပြီးပြောတော့
သူရဲ့သားက မိန်းကလေးတစ်ယောက်ကို ဖန်ဆင်းလိုက်တယ်။ အဲ့မိန်းကလေးကို သောကြာ နတ်သမီးက လှပအောင် ဖန်တီးပေးတယ်။ဟာမီးဆိုတဲ့ နတ်သားကလဲ လိမ္မာပါးနပ်အောင် သင်ပေးလိုက်တယ်။
နတ်မင်းကြီး ကိုယ်တိုင်ကကျ အဲ့မိန်းကလေးကို ရွှေသေတ္တာ တစ်လုံး ပေးလိုက်တယ်။
လူ့ပြည်ကို ပို့လိုက်တယ်။ သြော် ပြီးတော့ ကောင်မလေးကို သေတ္တာကို ဖွင့်မကြည့်ဖို့လဲ ပြောလိုက်တယ်။

လူ့ပြည်ရောက်တော့ ယောကျာ်းတစ်ယောက်က  အဲ့ကောင်မလေးကို ချစ်ခင်ပြီး လက်ထပ်လိုက်ရော။

အချိန်တွေ ကြာလာတော့ ကောင်မလေးက သေတ္တာကိုဖွင့်ကြည့်လိုက်ရော

အဲ့ဒီမှာ
ရောဂါတွေ
ကောက်ကျစ်စဉ်းလဲ့မှုတွေ
ရက်စက်ကြမ်းကြုတ်မှုတွေ
လိမ်လည် လှည့်ဖျားခြင်းတွေ အဆက်မပြတ် သေတ္တာထဲကထွက်လာတယ်။

ကောင်မလေးလဲ ကြောက်ကြောက်လန့်လန့်နဲ့ သေတ္တာကိုအမြန်ပြန်ပိတ်လိုက်တော့ သေတ္တာထဲမှာ တစ်ခုပဲ ကျန်တော့တယ်တဲ့။

အဲ့တာက မျှော်လင့်ခြင်းတဲ့။

အဲ့ချိန်ကစပြီး လူတွေဟာ ကောက်ကျစ်စဉ်းလဲ့မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို  တတ်ကျွမ်းလာတယ်။

လူတွေမှာ ပိုင်ဆိုင်တာဆိုလို့ မျှော်လင့်ခြင်းပဲရှိတော့တယ်။
အဲ့တာသာ မရှိတော့ရင် လူတွေဟာ သေတော့တာပဲတဲ့။

ပုံပြင်လေးကပေးတာက
လူတွေဟာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတယ်ဆိုတာပဲ။

မျော်လင့်ချက်မရှိတော့ဘူးဆိုတာနဲ့
လူတွေဟာ သေဆုံးကြရောတဲ့။

ပုံပြင်လေးက

""""""မျှော်လင့်ချက်တွေ မသေဆုံးစေနဲ့။"""""""တဲ့

ဒီပုံပြင်လေး ပါဝင်တဲ့ စာအုပ်လေးက
ဆရာကြီး မင်းသိင်္ခ ရဲ့မသွားမီက ရောက်နှင့်သည် ဆိုတဲ့ စာအုပ်လေးပါ။ ဖတ်ရှုချင်သော သူများ ဖတ်နိုင်ရန် လမ်းညွှန်လိုက်ပါသည်။


ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now