♥Part-6♥

1K 149 71
                                    

Kyungsooတစ်ယောက်စာထိုင်လုပ်နေပေမဲ့အာရုံမရဖြစ်နေသည်

Baekhyunပိစိလေးပျောက်သွားပြီးပြန်ပေါ်မလာတော့သည်မှာမနေ့ညကတည်းက

"ငါ့ဟာကအရမ်းများကြီးနေလို့လား"

လက်ကရေးနေသောဘောပင်ကိုစားပွဲပေါ်ချကာမိမိဝတ်ထားသောညအိပ်ဘောင်းဘီအပွအားအနည်းငယ်ဟကာလှမ်းကြည့်လိုက်သည်

"လန့်ပြေးရလောက်အောင်တော့မဆိုးပါဘူး"

ဘောင်းဘီအားကိုင်ထားသောလက်ကိုပြန်ဖယ်ကာနေရာတကျပြန်ထိုင်ပြီးဘောပင်ကိုပြန်ကိုင်ကာစာရေးနေလိုက်သည်

"ခွမ်း...ခလွမ်း"

အိမ်အောက်ထပ်ကကြားလိုက်ရသောတစ်ခုခုကွဲသည့်အသံကြောင့်လက်ဆွဲတော်ဘေ့စ်ဘောတုတ်တံအားပြေးကိုင်ကာအခန်းထဲမှထွက်၍အောက်ထပ်ကိုဖြေးဖြေးလေးဆင်းလာမိသည်

"ဘယ်သူခိုးကအတင့်ရဲပြီးငါ့အိမ်ထဲဝင်လာတာလဲ
အသေသတ်ပစ်မယ် ဘာမှတ်...."

ထိုသိုပြောကာဖြေးဖြေးချင်းဆင်းလာသောKyungsoo၏လက်မှာတစ်စက်စက်တုန်နေလေသည်

မီးဖိုခန်းအနားတစ်ဖြည်းဖြည်းသွားကာအကွယ်တစ်နေရာတွင်ရပ်ပြီးအခန်းထဲကိုချောင်းကြည့်လိုက်သည်

ညစာစားပြီးအပေါ်ပြန်မတက်ခင်Kyungsooသောက်ပြီးစာပွဲပေါ်တင်ထားခဲ့သောဖန်ခွက်လေးအားအစိပ်စိပ်အမွှာမွှာကွဲနေသောအခြေအနေဖြင့်အရင်ဆုံးတွေ့လိုက်သည်

နည်းနည်းလေးခြေတစ်လှမ်းလောက်ရှေ့တိုးပြီးထပ်ကြည့်လိုက်တော့စားပွဲခုံပေါ်တွင်အစားအသောက်များနှင့်မုန့်မျိုးစုံပေပွနေတာကိုတွေ့ရပြီးရေခဲသေတ္တာတစ်ခါးကြီးပြုတ်နေတာကိုတွေ့လိုက်ရသည်

"ဘယ်လိုတွေတောင်...."

ရေခဲသေတ္တာတံခါးကြီးပြုတ်နေတာကိုမြင်ရသောKyungsooတို့စကားတောင်ဆက်မပြောနိုင်တော့

ဘေ့စ်ဘောတုတ်တံကိုကျစ်ကျစ်ပါအောင်ကိုင်ကာမီးဖိုခန်းထဲသို့တစ်ဖြည်းဖြည်းဝင်သွားလိုက်သည်

"လခွမ်း...."

တွေ့လိုက်ရသောအရာကြောင့်လူကရယ်ရမလိုလိုငိုရမလိုလိုဖြစ်သွားမိသည်

Limo(pint-sized)Where stories live. Discover now