Chapter-1.1

10.9K 442 12
                                    

ဖန်ကျစ်ဖေးသည် အကျဉ်းထောင်ထဲတွင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ကျိုးယွင့်ရှန် ဒီသတင်းကို ရရှိတဲ့ အခါမှာတော့ သူက ဒီကမ္ဘာကနေ နှင်ထုတ်ခြင်း ခံလိုက်ရသည့်အတွက် လက်တုံ့ပြန်ဖို့  အချိန်ကလေးတောင် မရှိခဲ့ဘူး။ကျိုးယွင့်ရှန်က သူရဲ့ မူလကိုယ်ပိုင်ခန္ဓာကိုယ်ကို ပြန်လည်ရရှိတဲ့ အချိန်မှာတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ကို တိုးပွားလာတဲ့ စွမ်းအားတွေက သူရဲ့ ဝိညာဉ်ထဲကို လောင်းချခံလိုက်ရတဲ့ ရေတွေလို တစ်သွင်သွင် စီးနင်းဝင်ရောက်လာလေသည်။ဒီစွမ်းအင်တွေကို သူက 008ရဲ့ သိုလှောင်မှုထဲသို့ ပြန်လည်ပြောင်းထည့်လိုက်သည်။

"သူ နိုးလာပြီ။ နိုးလာပြီဟေ့" တစ်စုံတစ်ယောက်က အော်ဟစ်ပြီး ကျေနပ်ဝမ်းမြောက်နေခဲ့သည်။

အဲ့ဒီနောက်မှာတော့ တစ်ခုထက်ပိုတဲ့ လက်တွေက ကျိုးယွင့်ရှန်ရဲ့ ခန္ဓာကိုယ်ကို restoration bayထဲကနေ အပြင်ကိုဆွဲထုတ်ပေးဖို့နှင့် ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် ကူညီဖို့အတွက် ရောက်ရှိလာသည်။

"ကျွန်တော် သတိလစ်သွားတာ ဘယ်လောက်တောင် ရှိသွားပြီလဲ" လို့ မေးကာ သူက Virtua helmetကို ချွတ်လိုက်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ဒီနေရာမှာ ဆေးရုံတစ်ခု၏ မြေအောက်ခန်းနှင့် တူညီနေသည်။

"ရှင် တစ်နေ့နဲ့ တစ်ညတောင် သတိလစ်သွားခဲ့တာ"လို့ ဖြေပြီး သူနာပြုငယ်ငယ်လေးက အာဟာရဖြည့်ဆေးတောင့်ကို ယွင့်ရှန်ရဲ့ ပါးစပ်ထဲကို ထိုးထည့်လိုက်သည်။

"မင်း အလိုအလျောက်ပျက်စီးစေနိုင်တဲ့ ပရိုဂရမ်ကို ရှာတွေ့ပြီးလား?"
ထိပ်တန်းအရာရှိက သတင်းရရချင်း အပြေးအလွှားလာမေးခဲ့သည်။

"ဟင့်အင်း ဒါပေမယ့် ကျွန်တော် ခြေရာသေးသေးလေး(သဲလွန်စ)ကို ရှာတွေ့ထားပြီ။ကျွန်တော်အတွက် အချိန်ထပ်ပြီး လိုအပ်တယ်"
ကျိုးယွင့်ရှန်ဟာ သူရဲ့ အဝတ်အစားတွေကို ပြန်ဝတ်ကာ  သူရဲ့helmetကို လက်က ကိုင်လျက်သားနှင့် ကိုယ်ပိုင်studioထဲသို့ လမ်းလျောက်သွားခဲ့သည်။

"ကျွန်တော် dataတွေကို ပြန်စုစည်းဖို့ လိုအပ်တယ်။အဲ့အချိန်အတောအတွင်း ဘယ်သူမှ ကျွန်တော့်ကို အနှောင့်အယှက်မပေးပါစေနဲ့"
သူက လေးပင်တဲ့ အသံနှင့် ပြောခဲ့သည်။

ဗီလိန်မာယာ (Arc-14)Where stories live. Discover now