Chapter-1.2

7.7K 454 29
                                    

"ကျွန်တော် Star Networkထဲကို ပြန်ဝင်မယ်"
ကျိုးယွင့်ရှန်က အင်ဂျင်ခန်းကို အလျင်စလို ပြေးသွားပြီး တံခါးကို တွန်းဖွင့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

"ဟုတ်ကဲ့"
အကုန်လုံးက စနစ်တကျကို ပြင်ဆင်ထားသည်။

"ကျွန်တော် virtua helmetကို မလိုတော့ဘူး။ဒါ ဝတ်ထားရုံနဲ့တင် ဖြစ်တယ်"
သူက သူရဲ့ earlobeက အနက်ရောင်နားကပ်ကို ညွှန်ပြပြီး သူရဲ့အဝတ်တွေကို ချွတ်လိုက်သည်။ထို့နောက် သူ့ကိုယ်သူ Restoration bayထဲကို ပြန်လည် နစ်မြုပ်စေလိုက်သည်။

သူ့မျက်လုံးတွေ ပြန်ဖွင့်ရချိန်မှာတော့ ကျိုးယွင့်ရှန်ဟာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနေတဲ့ ကားထဲမှာ ထိုင်နေရသည်။ကားပြတင်းရဲ့ အပြင်ဘက်က ရှုခင်းတွေက အရှိန်မြန်လွန်းလို့ အရိပ်သာသာပဲရှိပြီး ကျော်တက်လာတဲ့ အရာတွေကိုတောင် မပြတ်မသားနှင့် မှုန်ဝါးဝါးသာ မြင်နေရသည်။

ကျိုးယွင့်ရှန်ဟာ သူကဘေးမှာ တစ်ယောက်ယောက်ထိုင်နေတယ်ဆိုတာ ခံစားသိရှိလိုက်ပေမယ့် တစ်ချက်လေးတောင် လှည့်မကြည့်မိဘူး။သူရဲ့ ဒီဘဝ မှတ်ညဏ်တွေကိုသာ ရှာပြီး ကြည့်လိုက်သည်။ကြည့်ပြီး ပြီးချင်းမှာပဲ သှူုနူတ်ခမ်းပါးပေါ်မှာ ခနဲ့တဲ့တဲ့အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သည်။

ကောင်းပြီ။ ဒါက တစ်ခါက သူ့ကို စိတ်မချမ်းမမြေ့ဖွယ်သေခြင်းတရားနဲ့ ကြုံတွေ့စေခဲ့တဲ့ ကမ္ဘာတစ်ခုပဲ။ပြီးတော့ နောက်ဆုံးကမ္ဘာမှ ခံစားရခဲ့သည်ထက် ပိုအရှက်ကွဲစေဦးမည်။ဒီနေရာမှာ သူက ဟွမ်ရီလို့ ခေါ်တဲ့ ကလေးတစ်ယောက်ပဲ။ပြီးတော့ ဝေးလံပြီး ချို့တဲ့တဲ့ တောင်ခြေရွာမှာနေထိုင်ရသည်။သူဟာ သူ့အဘိုးအဘွားတွေ့ရဲ့ ထိန်းကျောင်းမှု့ကို ခံရသူလည်း ဖြစ်သည်။သူ့အသက် ၁၆ ပြည့်သည့်တိုင်အောင် မိဘတွေရဲ့ မျက်နှာကို တစ်ဆုပ်စာတောင် မရှိတဲ့ အချိန်ပိုင်းလေးသာ မြင်တွေ့ပြီး အသက်ကြီးပြင်းခဲ့ရသည်။မိဘနှစ်ပါးဟာ နေ့ဘက်ရော ညဘက်ရော အလုပ်လုပ်ရသည့်တိုင်အောင် အလွန်ဆင်းရဲသည်။အသွားအပြန်စရိတ်ကိုတောင် မတတ်နိုင်တဲ့အတွက်ကြောင့် သူတို့ဟာ နှစ်သစ်ကူးနေ့မှာတောင် အိပ်ကို ပြန်မလာနိုင်ဘူး။သူတို့ရသည့်ငွေကို မိဘတွေကိုပဲ ပို့နိုင်သည့်အတွက် သူတို့ကလေးရဲ့ ကျောင်းစားရိတ်ကိုတောင် ထောက်ပံ့နိုင်ခြင်း မရှိပေ။

You've reached the end of published parts.

⏰ Last updated: Jul 20, 2018 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်မာယာ (Arc-14)Where stories live. Discover now