Chapter-13.3.2

14.4K 1.3K 182
                                    

သူ ထိုလူ့ကို ဟိုတယ်​ကိုပြန်​ပို့​ပေးပြီး​တော့မှ ဒီ​နေ့ date အတွက်​ လက်​​ဆောင်​မ​ပေးရ​သေးတာကို သူသတိရမိတယ်​...ဒါ​ကြောင့်​ အနီးအနားကပန်းဆိုင်​ကို သုတ်​တီးသုတ်​ပျာသွားလိုက်​ရသည်။ သူတခါမှ လူတစ်​​ယောက်​ မလိုက်​ဖူးဘူး​လေ...ဒါ​ကြောင့်​ ​သွေး​ဆောင်​တဲ့​နေရာမှာ သူ​လေး အ​တွေ့အကြုံမရှိဖူးရယ်​။

ရီကျန့်​က သူ့အ​ပေါ်ဝတ်​ကိုချွတ်​လိုက်​ပြီး​တော့ ​စားပွဲ​ပေါ်က ဝီစကီတစ်​ပုလင်းကို ဆွဲယူလိုက်​တယ်​။

"မင်းတို့​ရော လိုချင်​​သေးလား?"

"မ​လိုဖူး Boss...ကျ​နော်​တို့ အလုပ်​ချိန်​မှာမ​သောက်​ပါဖူး" သက်​​တော်​​စောင့်​နှစ်​​ယောက်​က သူတို့​ခေါင်း​တွေကို ခါပြသည်။

ရီကျန့်​ သုံးခွက်​ဆက်​တိုက်​​သောက်​လိုက်​​တော့မှပဲ နဲနဲ​နေသာထိုင်​သာရှိသွား​တော့တယ်​။ သက်​​တော်​​စောင့်​တစ်​​ယောက်​က မဝံ့မရဲ​မေးလာတယ်​ , "Boss...ဥက္ကဌကျိုးရဲ့အ​နှောင့်​အယှက်​​ပေးမှုကို မကြိုက်​ရင်​..ကျ​နော်​တို့ ကူညီ​ပေးလိုရပါတယ်​" ဒီလိုကုမ္ပဏီပမွှား​လေးကသခင်​​လေးမျိုးက...အနဲဆုံး​တော့ သူ့ကို ​ကြောက်​​နေသင့်​တယ်​လေနော်။

"အကယ်​၍ သူလာခဲ့ရင်​...ဘယ်​သူ့မှ သူ့ကိုတားစရာမလိုဖူး" ရီကျန့်​ရဲ့မျက်​နှာ နဲနဲ​မဲတက်​သွားသည်။

# Boss က ဥက္ကဌကျိုးကို မမုန်းရုံသာမက သူ့ပိုးပမ်းမှုကိုပါ ကြိုဆိုတယ်​တဲ့လား? # သက်​​တော်​​စောင့်​နှစ်​​ယောက်​ဟာ တုန်​လှုပ်​ဖွယ်​အမှန်​တရားကို သူတို့ သိရှိသွားမိတယ်​လို့ ခံစားလိုက်​ရသည်​။

ရီကျန့်​ အရက်​ခွက်​ကိုချလိုက်​ပြီး ​ကော်​လံကကြယ်​သီးနှစ်​လုံးကို ဖြုတ်​လိုက်​တယ်​...​ပေါ်လာတဲ့ရင်​ဘတ်​ကြွက်​သား​မြောင်း​တွေက သူ့ကို ​ကြောက်​ခမန်းလိလိသွင်​ပြင် ဖြစ်​​သွားစေသည်။

သက်​​တော်​​စောင့်​နှစ်​​ယောက်​က တစ်​ဖက်​ခန်းဆီသို့ ​ထွက်​သွားကြတယ်​။ Boss က တခုခုကို တအုံး​နွေး​နွေးဖြစ်​​နေတာ သိသာလှတယ်​...ပြီး​တော့လည်း gay ​ဆိုတာက တစ်​လမ်းသွား​တွေပါပဲ။ (တခါသုံး​တွေပဲလို့ ​ပြောချင်​တာထင်​တယ်​)

ကလဲ့စားFOD- Arc13 [မြန်​မာဘာသာပြန်​](Completed)ZawgyiWhere stories live. Discover now