13

6.9K 950 56
                                    

Zawgyi



"အချစ်ကိုမင်းဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲ Sehun?"

သုံးယောက်သားထိုင်နေသောဝိုင်းမှာ ထူးထူးဆန်းဆန်းစကားစလာသူက Tao...

"Kris Hyung နဲ့ အဆင်မပြေဘူးလား..."

Kai ကထမေးတော့သူကသက်ပြင်းချ၏။

"အဆင်ပြေသလားလို့မေးဖို့က အဝေးကြီးမှာ Kai..အခုက သူငါ့ကိုနားမလည်ပေးနိုင်တာ။ ပွဲကအဲ့မှာပြီးတာပဲ။"

"ငါလဲမသိပါဘူး.....အချစ်ဆိုတာဘာလဲ လို့ငါတစ်ခါမှမတွေးကြည့်ဖူးဘူး။ တစ်ဖက်ကလူကကိုကိုဖြစ်နေသရွေ့ ငါ့မှာရှိသမျှအကုန်ပုံအောပြီးချစ်ပေးနိုင်မယ်လို့ထင်တာပါပဲ"

"မင်းကတော့ ဆေးမရှိအောင် ရူးလွန်းတာပါပဲ"

"ဒီထဲမှာ ငါပဲကောင်းတယ်။"

ကြက်ပေါင်တစ်ခြမ်းကိုအားရပါးရကိုက်ဖဲ့ရင်း Kai ကပြော၏။
သူတို့အားလုံး ပြိုင်တူရယ်မိကြသည်။

"Shuu!"

"ဒါတွေကဘယ်လိုဖြစ်တာလဲ Xiao Lu"

နေ့စဉ်ထုတ်သတင်းစာကို ချပြရင်းမားကမေးသည်။
ခေါင်းစီးပိုင်းမှာပြူးပြူးပြဲပြဲပါလာသည်က ဂျီယောင်းနှင့် Oh Sehunnie ပုံ.....တစ်ဖက်ခြမ်းမှာတော့ သူနှင့် Oh Sehunnie ပုံ။ အနုပညာရှင်များ၏ အချစ်ရေးသည် ဒီခေတ်မှာတော့ လူတိုင်းအရသာခံပြောစရာ သတင်းအများစုဖြစ်နေတတ်သည်။

"သားတို့ကိုဒီလိုလွတ်ထားပေးတာ..ဒီနေ့လို သူများစော်ကားတာခံဖို့မဟုတ်ဖူးနော် Xiao Lu...သား Hunnie က ဒီအတိုင်းဆက်သွားနေမယ်ဆို မားက ဒီလက်ထပ်ပွဲကိုလဲ သဘောမတူပေးနိုင်ဘူး။"

"မားကိုဘာပြောနေကြလို့လဲ..."

"ပါးစပ်နဲ့မပြောပေမဲ့ မျက်လုံးတွေကြည့်ရင် ဘယ်လောက်အင်အားကောင်းတယ်ဆိုတာ သားလဲ သိပါတယ် Xiao Lu....ခဏနေ Sehunnie လာရင် မားစကားပြောကြည့်ပါဦးမယ်"

"အထင်လွဲတာပါမားရာ...သားပဲပြောမယ်ဟုတ်ပြီလား....နောက်ဒါမျိုးမတွေ့စေရတော့ဘူး။"

ကော်ဖီတောင်မသောက်နိုင်တော့ပဲ လက်ဆွဲအိတ်ကိုယူကာ အပြင်ကိုခပ်မြန်မြန်ထွက်လိုက်သည်။ မား၏ ခေါ်သံသဲ့သဲ့က နောက်ပါးဆီမှာကျန်ရစ်၏။ တံခါးဝမှာတင် ဂျာကင်ကိုအပြေးအလွားဝတ်ရင်းသူ့ဆီပြေးလာသော Sehunnie ကိုတွေ့၏။ ဖရိုဖရဲပုံကကိုချစ်ဖို့ကောင်းလိုက်တာ -_-

Shuu!(COMPLETED)Where stories live. Discover now