I want to tell you...but...🍁 3

23 4 0
                                        

Cold: "နင့်​နာမည်​က ​မေပယ်​ မဟုတ်​လား..."

Maple: "ဟုတ်​တယ်​..."

Cold:b"Mapleအရွက်​ရဲ့နာမည်​ကို​ပေးထားတာ​လား"

Maple: "အင်း......"

အသင်းအလှည့်​ကျလို့တံမြက်​စည်းလှည်း​နေတဲ့
ငါ့ကိုစကား​လာပြောတဲ့နင့်​ကြောင့်​...
ငါတံမြက်​စည်းဘယ်​လိုလှဲရမလဲ​တောင်​မသိဘူး
ဖြစ်​သွားတယ်​...
ဘာမဆိုင်​ညာမဆိုင်​ဒီစကား​ပြောပြီးထွက်​သွားတဲ့နင့်​ကို...
ငါခဏ​တောင့်​ကြောင်​ပြီးကြည့်​ခဲ့မိတယ်​...

သူငါ့ကိုဘာလို့စကားလာ​ပြောတာလဲ...
ငါ့ကိုစိတ်​ဝင်​စား​နေတာလား...
သ​ဘောကျ​နေတာလား...
ငါမှာဒီ​မေးခွန်း​တွေနဲ့ကျန်​ခဲ့တယ်​...
နင်​က​တော့သိမယ်​မထင်​ဘူး...

ဒီတစ်​နှစ်​လုံးမှာ...နင်​ငါ့ကိုဒီစကားတစ်​ခွန်းပဲ​ပြောခဲ့တာပါ...
ဒါပင်​မယ့်​...ငါ​သေရာပါတဲ့ထိမှတ်​မိသွားခဲ့တယ်​...
ငါအရမ်း​ပျော်​ခဲ့ရတဲ့အချိန်​​လေးတစ်​ခုအ​နေနဲ့​ပေါ့...

ဒီကြားထဲမှာ...
နင်​ငါကိုတစ်​ခါတစ်​​လေကြည့်​တဲ့အကြည့်​​တွေကို...
ငါဘာသာပြန်​ရတာ...စိတ်​​မောတယ်​...
တစ်​ခါတစ်​​လေ...စိတ်​ရှုပ်​တယ်​...
တစ်​ခါ​တစ်​​လေ...နင့်​ကိုမ​တွေ့ချင်​​တော့ဘူး..
တစ်​ခါတစ်​​လေ...အရမ်းသတိရ​နေတတ်​တယ်​...
ကျောင်းပိတ်​ရက်​ဆို...နင်​အခုချိန်​ဘာလုပ်​​နေမှာ...
ခုချိန်​ကျူရှင်​သွား​နေမှာနဲ့...ငါနင်ကိုရူးသွပ်​​နေခဲ့တယ်​...

Bro: "ဒီ​နေ့ကျူရှင်​လိုက်​မပို့​တော့Maple...
သူငယ်​ချင်း​တွေနဲ့​ကျောင်းပိတ်​ရက်​ဂိမ်း​ဆော့ဖို့ချိန်းထားလို့...

Maple: "ဟင်​..."

Bro: "ဟိုမှာလာပြီ...​မေ...သားသွား​တော့မယ်​..."

Maple: "ဟာ...."

ရင်​ထဲမှာထိတ်​သွားတယ်​...
အိမ်​​ရှေ့မှာရပ်​​နေတာ...Cold...
သူမမြင်​​အောင်​...ပုန်း​နေလိုက်​မိတယ်​...
ဘာလို့ဆိုလူကအရမ်းကိုဂါ​နေလို့...
အဲ​နေ့တစ်​​နေ့လုံးလူက ကတုန်​ကယင်​နဲ့...
အ​တွေး​တွေနယ်​လှည့်​​နေမိတယ်​...

သူဘယ်​လိုလုပ်​အိမ်​​ရှေ့​ရောက်​လာတာလဲ...
အစ်​ကိုနဲ့သူနဲ့သိတာလား...
သူနဲ့ဘယ်​လိုလုပ်​သိတာလဲ...
ငါကအစ်​ကိုရဲ့ညီမဆိုတာ​ရောသူသိရဲ့လား...
အ​တွေး​ပေါင်းဆုံနဲ့တနလာင်္​နေ့ကိုမြန်​မြန်​​ရောက်​ချင်​​နေပါပြီ..

အစ်​ကိုအိမ်​ပြန်​​ရောက်​​တော့​မေးကြည့်​​တော့...
အစ်​ကိုသူငယ်​ချင်းရဲ့သူငယ်​ချင်း...
စိတ်​ထဲမှာ​တွေးလိုက်​တာက...
နင်​နဲ့ငါနဲ့က​တော်​​တော်​နီးစပ်​​နေပြီ​ပေါ့...
ဟိုဘက်​ရပ်​ကွက်​မှာ​နေတယ်​လို့​ပြောလိုက်​​တော့...
ငါကနင်​နဲ့အနီးဆုံးမှာအမြဲရှိ​နေခဲ့တာပဲဆို့ပြီးဝမ်းသာခဲ့တယ်​..
ဒါပင်​မယ့်​...​နောက်​ဆက်​သိလိုက်​တဲ့အဖြစ်​တစ်​ခု​ကြောင့်​...
နင်​နဲ့ငါနဲ့ကအရမ်းကြီးကို​ဝေးကွာသွားပြီဆိုတာ
ငါသိလိုက်​တယ်​...
ငါတို့နီးစပ်​ဖို့ခက်​ခဲတယ်​ဆိုတာငါသိသွားခဲ့တယ်​...

နင်​ကဘာသာခြားတစ်​​ယောက်​ဖြစ်​​နေတယ်​...
နင်​နဲ့ငါနဲ့ကကိုးကွယ်​ယုံကြည်​မှုမတူညီကြဘူး...
နင်​ကဂစ်​တာတီးတတ်​ပြီး...သီချင်းဆိုတတ်​တယ်​...
ခရစ်​စမတ်​ကျ​တွေဆိုငါတို့အိမ်ေ​ခါင်းရင်းက
အိမ်​မှာသီချင်းလာဆိုတတ်​တယ်​...
ဒီအ​ကြောင်း​တွေကိုငါသိလိုက်​ရတဲ့အချိန်​မှာ...
ငါစိတ်​ဓာတ်​အရမ်းကျသွားခဲ့တယ်​...
ငါနင့်​ကို​မေ့ပစ်​လိုက်​​ချင်​တော့မယ်​...
ငါ​ရှေ့ဆက်​ပြီးနင့်​ကို​ကြွေလို့မရဘူးလို့...
ငါဦး​နှောက်​ထဲမှ...နင့်​ကိုမထားသင့်​​တော့ဘူး...
ဒီဆုံးဖြတ်​ချက်​တစ်​ခုနဲ့အတူတူ...
ငါနင့်​ကိုမချစ်​နိုင်​​အောင်​ငါကြိုးစားခဲ့တယ်​...
အောင်​မြင်​မယ်​လို့နင်​ထင်​လား....

ငါနင့်​ကိုခိုးကြည့်​ခဲ့အကြိမ်​အ​ရေအတွက်​ထက်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ငါနင့်​ကိုခိုးကြည့်​ခဲ့အကြိမ်​အ​ရေအတွက်​ထက်​...
ငါနင့်​ကို​မေ့ပစ်​ခဲ့တဲ့အကြိမ်​အ​ရေအတွက်​ကပိုများတယ်​...
ဒါပင်​မယ့်​...ငါကနင်​နဲ့ပတ်​သတ်​ရင်​...လွယ်​လွယ်​နဲ့မ​မေ့တတ်​တဲ့လူတစ်​​ယောက်​ဆိုတာ...
ငါ​မေ့သွားခဲ့တယ်​...
ခုထက်​ထိသတိရ​နေတုန်းပါပဲ...

Akira

You've reached the end of published parts.

⏰ Last updated: Aug 04, 2018 ⏰

Add this story to your Library to get notified about new parts!

I want to tell you...but...🍁Where stories live. Discover now