Episode 💚 Two
Markbam 🐊🐍
Zawgyi ::
"noona ...noona...နင် ဘယ်မှာလဲ "
ဆိုကာ ဂိုထောင်တခုထဲ အော်ဟစ်ကာ ပြေးဝင်လာသော
ကောင်လေးတစ်ဦး။
တစ်နည်း အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည့် တက္ကသိုလ်ကျောင်းသားတစ်ဦး။
အပေါ်ပိုင်းရှပ်အကျီတစ်ခုလုံးမှာ ချွေးများစိုရွှဲနေပီး မည်မျှ အကွာအဝေးမှပြေးခဲ့ရလဲမသိ မောဟိုက်နေသည်။
နောက်ကျောတွင် အိတ်လေးတစ်အိတ်ပါလွယ်ပိုးထားလျှက် ရောက်လာခြင်းကြောင့်
မည်မျှ အလျင်လိုနေသည်ကိုဖော်ပြနေသည်။
တစ်နည်း ထို noona၏အရေးပါမှုအတိုင်းအတာအား ဖော်ပြနေသည်။
"noona ... jaeyeon ya! မင်းဘယ်မှာလဲ? "
ဂိုထောင်တစ်ခုလုံးအား စေ့စပ်စွာတစ်ပစ်လည်ကြည့်ကာ ရှာဖွေနေသော်လည်း လူနှင့်တူသည့်အရိပ်အယောင်တောင် မတွေ့ရပါ။
ပတ်ပတ်လည်တွင် ဆလာအိတ်ဖြူဖြူများဖြင့်ထုတ်ပိုးထားသော အထုတ်ကြီးတွေသာ
ရှိနေသည်။ နှုတ်မှ အသွင်သွင်အော်ခေါ်နေသော်လည်း ပြန်ထူးသံပင် မကြားရသောကြောင့် မျက်နှာတစ်ခုလုံးမှာ ချွေးစီးစီးများပြန်လာကာ စိုးရိမ်ပူပန်စိတ်ကြောင့်ပင် မျက်ရည်ဥချင်နေပီ။
"t.u.a.n လေး ..."
လေးပင်စွာ ခေါ်သံအဆုံးလှည့်ကြည့်လိုက်တော့ လူတစ်ရပ်စာလောက်ရှိ ဆလာအိတ်ဖြူဖြူများအထပ်ထပ်စီထားသော နောက်မှ ထွက်လာသော မိန်းမငယ်တစ်ဦး။
ပိတုန်းရောင် ဆံနွယ်ရှည်များမှာ ဖွာယောင်းနေပီး မျက်နှာ တစ်ခုလုံးမှာ ညိုမဲစွဲနေသည်။ ဂါဝန်ဖြူ ပါးလေးဝတ်ထားသောသူမ၏
ခါးအောက်ပိုင်းတစ်လျှောက်မှာလည်း
အနီရောင်အရည်များ စိုရွှဲကာစွန်းထင်းနေသည်။
သူမခေါ်သည့် tuan လေးဆိုသည့် ကောင်လေးသည် သူမပုံစံအား မလှုပ်မယှက် ရပ်ကြည့်နေမိသည်။ အသက်တောင်ရှုနေရဲ့လားပင် မသိနိုင်ပါ။
YOU ARE READING
💚 Seon Saeng Nim 💚 [Z+U COMPLETED]
Fanfictionmain - Markbam {Yaoi} side - Bnior {Normal } Drama Romance 💚
![💚 Seon Saeng Nim 💚 [Z+U COMPLETED]](https://img.wattpad.com/cover/151551674-64-k275944.jpg)