စိတ်ဓာတ်ကြံ့ခိုင်အောင်

2.7K 511 25
                                    

စိတ်ဓာတ်ကြံ့ခိုင်အောင်

သဘာဝက ကောင်မလေးတွေကို နူးညံ့တဲ့စိတ်ထားလေးပေးထားပါတယ်။ ဒါပေမယ့် လောကဓံကို နူးညံ့တဲ့စိတ်ထားနဲ့ ရင်ဆိုင်လို့မရဘူး။ ကြံ့ခိုင်တဲ့ စိတ်ထားနဲ့ပဲ ရင်ဆိုင်လို့ရပါတယ်။
အောက်မှာ အကြံပေးထားတာလေးတွေကို ဖတ်ကြည့်ပါဦး။
Quora Authorက စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်နည်း ၇ နည်း ပြောပြထားပါတယ်။

No1
အကြောက်တရားကို ရင်ဆိုင်ခြင်း။

ကိုယ်ကြောက်နေတဲ့ အရာကို တည့်တည့်ရင်ဆိုင်လိုက်ခြင်းပါ။ အပြောက လွယ်ပေမယ့် တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ အရမ်းကို ခက်ခဲပါတယ်။ သတ္တိလဲ လိုအပ်တယ်။ ဒါပေမယ့် ရင်ဆိုင်လိုက်တာနဲ့တစ်ပြိုက်နက်တည်း အကြောက်တရားက ပျောက်ပြယ်သွားတတ်ပါတယ်။
So Face you fears.

No2.
ရေအေးအေးလေးနဲ့ ရေသွားချိုး ပါ။

ရေအေးအေးလေးနဲ့ ချိုး လိုက်ခြင်းဟာခန္ဓာကိုယ်ကို ကောင်းကျိုးတွေ အများကြီးပေးပါတယ်။  လန်းဆန်းစေတယ်။ သွေးဖိအားကို ပုံမှန်ဖြစ်စေတယ်။ ခွန်အားတွေ ပြန်လည်ရစေတယ်။ အဆိပ်အတောက်ကင်းစေတယ်။ ဝိတ်ကျစေတယ်။ ပြီးတော့စိတ်ဖိစီးမှုကိုကျဆင်းစေပါတယ်။ ဒါကြောင့် စိတ်ညစ်လာရင် ရေအေးအေးလေးနဲ့ သွားချိုးလိုက်ပါ။

No3.
တစ်ယောက်ယောက်နဲ့ ချစ်သူဖြစ်ပြီး အသည်းကွဲကြည့်ပါ။

ဒါက နည်းနည်းလေးထူးဆန်းနေပါလိမ့်မယ်။ ဆိုလိုချင်တာကမဖြစ်မနေ ရည်းစားထားဖို့ အသည်းကွဲဖို့ ပြောတာမဟုတ်ပါဘူး။ ပြောချင်တာက အချစ်နဲ့ တွေ့လာတဲ့အခါ အသည်းကွဲမှာကြောက်ပြီး ရှောင်မပြေးဖို့ပါ။ တကယ်လို့ တစ်စုံတစ်ယောက်ကို ချစ်မိနေပြီ။ ဒါမှမဟုတ်လဲ တစ်စုံတစ်ယောက်နဲ့ ချစ်သူတွေဖြစိနေပြီဆိုရင် ………အစွမ်းကုန် ချစ်လိုက်ပါ။ ကွဲကွာသွားမှာစိုးပြီး စိတ်ဆင်းရဲမနေပါနဲ့။ မတော်တဆ အသည်းကွဲသွားသည်ရှိသော် ရဲရဲရင့်ရင့် ကွဲလိုက်ပါ။ သေမလောက်နာကျင်နိုင်ပေမယ့် အဲ့နာကျင်မှုကိုကျော်လွန်ပြီးရင် အရင်ထက် ပိုပြီး စိတ်ဓာတ် ကြံ့ခိုင်လာမှာပါ။

No4.
ရူးကြောင်ကြောင်အလုပ်တွေ လုပ်ကြည့်ပါ။

ရူးကြောင်ကြောင်အလုပ်ဆိုလို့ ရတနာဆိုင်ကို ဓားမြသွားတိုက်တာ ခါးပတ် နှိုက်တာ မူးယစ်ဆေး သုံးတာတွေကိုပြောတာ မဟုတ်ပါဘူး။ ဥပမာ ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်ကို ကိုးရိုးကားယားနိုင်တဲ့ စကားတွေ သွားပြောတာ  ။
ပေါက်ကရမိတ်ကပ် လိမ်းပြီး အပ်ြင်ထွက်တာ ။ အန္တာရယ်မရှိတဲ့ ပေါက်ကရ အလုပ်တွေ လုပ်ပြီး အတွေ့အကြုံအသစ်ယူဖို့ဆိုလိုတာပါ။ ဒီလို လုပ်လိုက်ခြင်းဟာ အတွေ့အကြုံအသစ်ကို ပြောင်ချော်ချော်နည်းနဲ့ ရနိုင်တာဖြစ်လို့ စမ်းလုပ်ကြည့်သင့်ပါတယ်။

No5.
တရားထိုင်ပါ။

ဒါကတော့ တရားထိုင်ဖူးတဲ့သူတိုင်းသိပါတယ်။
စိတ်တွေ ရှုပ်နေချိန်မှာ ငြိမ်ငြိမ်သက်သက်ကလေး နာရီဝက်လောက် ထိုင်နေလိုက်ခြင်းဟာ ပြသာနာတွေ ဖြေရှင်းဖို့ စွမ်းအားတွေကို ရစေပါတယ်။

No6.
စွန့်လွှတ်အနစ်နာခံခြင်း အနုပညာကို သင်ယူပါ။

ကိုယ်တတ်နိုင်သလောက် ကူညီပါ။ ပေးဆပ်ပါ။
စိတ်ဓာတ်ကျနေချိန်မှာ ကိုယ့်အကူအညီ လိုအပ်နေတဲ့သူကို သေးသေးလေးပဲဖြစ်စေ ကူညီလိုက်တာက ကိုယ့်ကို စိတ်တက်စေပါတယ်။

No7.
ကိုယ့်ကိုကိုယ် လက်ခံပါ။

ဘယ်သူမှ Perfect မဖြစ်ပါဘူး။
ီဒီိလိုပဲ ကိုယ့်မှာလဲ Perfect မဖြစ်နိုင်တာကို လက်ခံပါ။ ကိုယ့်မှာရှိတဲ့ ကောင်းကွက်တွေကို ချီးကျူးပေးပါ။ ဆိုးကွက်တွေကိုလဲ ပြောင်းနိုင်ရင်ပြောင်းပါ။ မပြောင်းနိုင်ရင် လက်ခံပါ။ အရေးအကြီးဆုံးကတော့ ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ တန်ဖိုးထားတတ်ဖို့ပါပဲ။

ဒီနည်းတွေကို စမ်းကြည့်ပါ။
အနည်းဆုံးတော့ ကိုယ်တစ်ခါမှ မကြုံဖူးတဲ့ ခံစားချက်အသစ်တွေ ရ ရှိလာမှာပါ။
စာကို မယုံပါနဲ့။ လက်တွေ့လုပ်ကြည့်ပြီး  ကောင်းကျိုး ဆိုးကျိုးကို ခံစားကြည့်ပါ။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now