Zawgyi
"ကိုကို...."
"....."
တိုးညင်းလှသော အသံသဲ့သဲ့။
"ကိုကိုရေ....."
ပါးပြင်နုနု....ဖွေးဖွေးဥဟာ...အမာရွတ်တို့ဖြင့် ညိုငမ်းနေဆဲ။
"နှစ်ပတ်တောင်ရှိပြီလေ..ကိုကိုရေ.....ကျွန်တော်ကို မလွမ်းဘူးလား......"
ကိုကို့လက်ကိုဖွဖွကိုင်လို့ ဆေးရုံကုတင်ပေါ် ခေါင်းတင်မှီမိသည်။
ပြန်လာပါတော့ကိုကိုရေ......ကျွန်တော် သေလုမျောပါးဖြစ်နေပြီမို့ပါ။
.....................................
"ငါတို့ဘယ်လိုလုပ်ပေးနိုင်သလဲ....စိတ်မချမ်းသာလိုက်တာ...."
Tao ကစကားမပြန်.....တံခါးဝကနေ အခန်းတွင်းကိုကြည့်ကာ ခေါင်းကိုအသာရမ်းသည်။
"ဒီအတိုင်းဆို Hyung သတိပြန်မရခင် Oh Sehun ရူးရင်ရူး ၊ မရူးရင် ကြောင်သွားမလားပဲ။သူ့ခေါင်းသူ သေနတ်နဲ့ ပြန်ချိန်တုန်းကလဲ Chen Hyung အဆွဲ မြန်လို့ မဟုတ်လား"
"Luhan ဝင်ခံလိုက်တဲ့ သေနတ်ကျည်ဆံက နှလုံးနားကပ်ဖောက်သွားတာတော်သေးတယ်ပြောရမယ်တဲ့။ မင်းအစ်ကို YiFan ရောသက်သာလား"
"သူကဘာမှ ဖြစ်တာမှမဟုတ်ပဲ။ စာတောင်ပြန်သင်နေပြီ။"
"လက်အရိုးအက်သွားတာဆို...မင်းနည်းနည်းပါးပါးတော့ဂရုစိုက်ပေးသင့်တာပေါ့။"
ခပ်တည်တည်ရပ်နေပြီး ဘာမှ ပြန်မပြောတော့ သူ့ဘာသာနားလည်ပြီးပဲ သဘောပေါက်လိုက်ရသည်။
"ငါဆိုင်ခဏပြန်မယ်။မင်းဆက်စောင့်လိုက်။"
"အေး...."
Taoကိုချန်ထားရစ်ခဲ့ပြီး Kai ဆိုင်ကိုပြန်လာသည်။ Luhan Hyung ဆေးရုံတက်နေရသည့်နှစ်ပတ်အတွင်း ရှိတဲ့မိသားစုတွေရော သူတို့ပါအနားမရ။ လူနာစောင့်ရလို့ ပင်ပန်းကြတာထက် မထင်ရင်မထင်သလို သူ့ကိုယ်သူ ဒုက္ခပြန်ပေးနေတတ်သည့် Oh Sehun ကို မလွတ်တမ်းကြည့်နေရတာကပိုခက်သည်။ သူဘယ်တော့မှ အချစ်ကိုမရှာချင်ပါ။ ကြည့်နေရတာတင်ကို ပင်ပန်းလှသည်မဟုတ်ပါလား။
YOU ARE READING
Shuu!(COMPLETED)