ချစ်သော ကာရန်《Extra》

9.2K 363 89
                                    


မနက်စောစော မင်းစက်အာဏာတယောက်
မှန်ရှေ့က မခွာနိုင်

မှန်ထဲပေါ်နေတဲ့ ကိုယ့်ပုံစံကို ကျေနပ်သလို
ရှိတော့မှ ကာရန်ဆီသွားမလို့ မထွက်ခင်လေး
ဘေးနားပြန်ကြည့်မိတော့

ဖွာလန်ကျဲနေတဲ့ အဝတ်တွေ
အာဏာကိုယ့်ခေါင်းကိုယ် ကုတ်ကာ ရီ
လိုက်မိရင်း

"ငါဘယ်လိုတောင် ဖွပစ်လိုက်တာပါလိမ့်"

သို့သော် ပြန်ရှင်းရန်တော့ စိတ်ကူးမရှိ
လေ လေးတချွန်ချွန်နဲ့ ကားသော့လေး
လက်က လှည့်ကာ ထွက်လာလိုက်သည်

အခုလူပျိုဘဝလေးတော့ ဖွအုံးမယ်
လက်ထပ်ပြီးမှ စည်းနဲ့ကမ်းနဲ့နေပါ့မယ်

စိတ်ထဲကြိတ်တွေးရင်း အကျေနပ်ကြီး
ကျေနပ်မိလို့

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡

ကျွန်တော် ကားမောင်းနေရင်း ဘေးက ကာရန်
ကိုကြည့်ပြီး စိတ်ကအလိုမကျ

ရှပ်အဖြူလေးနဲ့ ပုံမှန်လေးဝတ်စားထား
တာတောင် မျက်စိထဲထင်းလို့

ဘယ့်နှယ် ဒီပေါက်စ က စိတ်မချ ချင်စရာ
ပဲကောင်းနေပါလိမ့်.
စိုးရိမ်ပူပန်ရလွန်းလို့ မင်းစက်အာဏာလေး
ဆံပင်ဖြူမြန်တော့မှာပဲ

"ဘာဖြစ်နေတာလဲ မျက်နှာကြီး အလှူသွား
လုပ်မှာကိုပြုံးပြုံးလေးနေစမ်းပါ"

"ဟုတ်ပါပြီခင်ဗျာ "

"ငပေါ ကောင် "

ကာရန်စကားကြောင့် သွားဖြီးကာ ရီပြလိုက်တော့ 'ငပေါကောင်'တဲ့လေ
သောက်ကျိုးနည်း ကိုယ့်သတို့သားလောင်း
ကိုပြောပုံကိုက

ဂေဟာ ရောက်တော့ ဟိုကြည့်ဒီကြည့်
လုပ်နေတဲ့ ကာရန် ဘာရှာနေပါလိမ့်

ကာရန် လက်လေးကိုလှမ်းကိုင်လိုက်တော့
မျက်လုံးလေးဝိုင်းပြီးမော့ကြည့်နေပြန်တယ်

"ဘာတွေရှာနေတာလဲ လာ...ဂေဟာမှူးဆီ
သွားရမယ်လေ"

"အာဏာ မင်းသွားလိုက်လေ ငါစောင့်နေမယ်လေ"

"ဘာဖြစ်လို့လဲ"

"သွားပါ..."

ကျွန်တော်မေးစကားကို ပြန်မဖြေပဲ ကာရန်က
အတင်းတွန်းလွှတ်တော့တယ်
ဒီပေါက်စ လေး ဘာတွေများလုပ်အုံးမလဲမသိ

ချစ်သော ကာရန်Where stories live. Discover now