ဆေးရုံစောင့်ခြင်းတစ်ညတာ

2.2K 390 27
                                    

ကျွန်တော် လွန်ခဲ့တဲ့ လေးရက်လောက်က ဆေးရုံစောင့်ခဲ့ရတဲ့ညတစ်ညအကြောင်း
ပြောပြမယ်ဗျ။
ဆေးရုံ ဆိုလို့ မကြောက်သွားပါနဲ့။ ညဘက်ကြီးဆေးရုံစောင့်ခဲ့ရတဲ့ ကျွန်တော်နဲ့ တစ်ညတာ သင်ခန်းစာပေါ့ဗျာ( အယ် အဲ့ထဲမှာ ဒေါက်တာလေးကို ငမ်းတာတော့မပြောတော့ဘူး။)

ပထမဆုံး ည ၇ နာရီလောက်ဖြစ်မယ်။ ဆရာဝန် Round လှည့်မှာမို့လို့ လူနာစောင့်တွေအပြင်ထွက်ပေးတဲ့။

ဟုတ်ပြီ ကိုယ်လဲ စာအုပ်တစ်အုပ်ပိုက်ပြီး အပြင်ထွက်တာပေါ့။

စာအုပ်နာမည်က (Over the top) ဆိုတဲ့စာအုပ်။
အဲ့စာအုပ်ဖတ်နေရင်း တွန်းလှဲသံကြားလို့ လှည့်ကြည့်လိုက်တော့ ကိုယ့်ဘေးနားကနေ အလောင်းတစ်လောင်း သယ်သွားတာတွေ့တယ်။
လခွမ်း ကြက်သီးတွေပါ တဖြန်းဖြန်းထလာတာ။
အစကတညိးက ကိုယ်က အဲ့လိုတွေ ဆို အရမ်းကြောက်တာ။ ထားတော့ဆိုပြီး စာအုပ်ဆက်ဖတ်တယ်။ မကြာဘူး နောက် လူသေအလောင်းတစ်လောင်း သယ်သွားတယ်။
အဲ့အချိန်ထိလဲ ကျွန်တော် ကြောက်တုန်းပဲ။

ဒီလိုနဲ့ ညရောက်ပါရော…
တခြားလူနာစောင့်တွေက တစ်ခေါခေါတဲ့အိပ် ။ ကိုယ်က အိပ်လို့ မရ။ အဲ့တာနဲ့ သတ္တိခဲ ကိုယ်က အပြင်ဘက်ကို လမ်းလျှောက်ပါရော… လျှောက်နေရင်း ခွဲစိတ်ခန်းဘက် ရောက်လာတယ်။
အဲ့ မျက်စောင်းထိုးမှာ ဓာတ်လှေကားရှိတယ်။
အဲ့ဓာတ်လှေကားကို ငေးကြည့်ရင်း ရုတ်တရက် ဓာတ်လှေကားက ပွင့်လာတယ်။ ပြီးတော့ အခေါင်းတစ်ခေါင်းကို ထုတ်ပြီး ဓာတ်လှေကားအပြင်ဘက်ထားတယ်။ ကျွန်တော်နဲ့ မနီးမဝေးပေါ့။ ကြောက်လဲကြောက်တယ် စပ်လဲစပ်စုချင်တော ဒီတိုငိးရပ်နေတယ် မကြာဘူး ခွဲစိတ်ခန်းကနေ လူသေလို့နဲ့တူပါတယ် အဲ့အခန်းဘက်ဆီသို့ တွန်းသွားတယ်။

စလာပြီ အဲ့မှာ။
အဓိက ပြောချင်တာ လာပြီ။
အဲ့အချိန်မှာ ကျွန်တော် မကြောက်တော့ဘူး။
ဘာကြောင့်မကြောက်လဲဆိုတော့ ရှေ့မှာ မြင်ထားတာ များသွားလို့ မကြောက်တော့တာ။
အဲ့မှာ ကျွန်တော်အတွေးတစ်ခုဝင်သွားတယ်။
အကြောက်တရားဟာ သူနဲ့ရင်းနှီးသွားတဲ့တစ်ပြိုင်နက် ကြောက်တဲ့စိတ်ကိုပါ ဖျောက်ပစ်လိုက်တယ်ဆိုတဲ့အချက်ပဲ။
ကြောက်တဲ့အရာကို ခဏ ခဏ တွေ့လိုက်တဲ့အခါ ရိုးသွားပြီး မကြောက်တော့ဘူး။

နောက်ပြီး ဒုတိယ အချက်…
ဘယ်လောက် ခက်ခဲတဲ့ကိစ္စပဲဖြစ်ဖြစ် မသေသရွေ့တော့ ဖြေရှင်းလို့ရတယ်။
ကိုယ့်ကို ကိုယ် ပျော်အောင်ထားဖို့ပဲ။ ကိုယ်ဟာ ဘယ်နေ့ ဘယ်ချိန် သေရတော့မယ်ဆိုတာမသိပဲနဲ့ ကိုယ့်ရဲ့နေ့ရက်တွေက်ု စိတ်ဆင်းရဲခြင်းနဲ့ ဖြတ်သန်းနေရင် ကိုယ့်အတွက်အရမ်းနစ်နာတယ်။
ဘယ်လောက်ကြီးတဲ့ စိတ်ဆင်းရဲမှုဖြစ်ပါစေ သေခြင်းလောက်တော့ မကြီးမားနိုင်ဘူး။

အခုဆို  စိတ်ညစ်စရာကိစရှိရင် ကိုယ့်ကို ကိုယ် ဆုံးမလိုက်တယ်။ ပျော်အောင်နေစမ်း။ ပျော်အောင်နေစမ်းလို့။

လူဆိုတာက အသက်ရှိနေတုန်းပဲ လုပ်ချင်တာလုပ်ခွင့်ရတာ သေရင် တန်ဖိုးမရှိတော့ဘူး။ ဒါကြောင့် ပျော်ပျော်နေပြီး လုပ်ချင်တာတွေလုပ်စမ်းလို့ စိတ်ညစ်မခံနဲ့လို့ အမြဲဆုံးမတယ်။

လူနှစ်မျိုးရှိတယ်။
တစ်မျိုးက အုတ်နံရံကို ခေါင်းနဲ့ ဆောင့်ပြီးမှ အသိတရားရတဲ့ လူမျိုး ( ren လိုလူ)

ဒုတိယက သူများအတွေ့အကြုံကနေ အသိတရားရတဲ့လူမျိုး

ဘယ်လိုပဲဖြစ်ဖြစ် မေ့မရတဲ့ သင်ခန်းစာ မို့ မျှဝေပေးလိုက်ပါတယ်။

သရဲကြောက်တတ်သူတွေ ညဘက်ဖတ်မိရင် သွားပြီ ခိခိ

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now