Episode💚Nine
Markbam🐊🐍
Zawgyi :::
"Yah! မင်းအဆင်ပြေရဲ့ လား bambam ?"
ကားမောင်းနေသောmarkမှ lover seat တွင်
မှိန်းနေသော bambamကိုလှမ်းကြည့်ရင်း
မေးလာသည်။
ညနေခြောက်နာရီကတည်းက သူပိုင်ဆိုင်ရာ
စံအိမ်မှ နှစ်ယောက်သားထွက်လာခဲ့ကြပြီး
ကျောင်းလေ့လာရေးခရီး အုပ်စုရှိရာ
ပန်းခြံသို့ သွားရောက်ရန်ဖြစ်သည်။
စံအိမ်မှ ထွက်လာခါစက တက်တက်ကြွကြွ
ရှိနေသေးသည့် အကောင်ငယ်သည်
ယခုခရီးတ၀က်ကျိုးချိန်တွင် တအင်းအင်းနဲ့
ညည်းနေပြန်သည်။
ဟိုင်းဝေးလမ်းမကြီးပေါ်တရိပ်ရိပ်မောင်းနေသော မာစီးတီးအနက်ရောင်လေးသည်
လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်ရသည်။
အချိန်အားဖြင့် ညနှစ်နာရီရှိနေပြီမို့
ကားသွားကားလာ သိပ်မရှိဖဲ
ဝါကျင့်ကျင့် ဓာတ်တိုင်မီးရောင်နဲ့အတူ
ပတ်ဝန်းကျင်က တိတ်ဆိတ်လို့နေသည်။
"bambam မင်းရရဲ့ ...."
ဆိုကာ အပြောထက် လှုပ်ရှားမှုမြန်ဆန်စွာ နဖူးသို့ စမ်းကြည့်လိုက်သည်။
"Shit ..ကိုယ်တွေပူခြစ်နေတာဖဲကွာ..."
လည်ပင်းနဲ့ လက်ဖျားတွေစမ်းသပ်တော့လဲ
ပူနေတာမှ မီးခဲအတိုင်းပင်။
"bambam.."
"အင်း...pa bammie ကြောက်တယ် bammieကို လာကယ်ပါ..."
မျက်လုံးများပွင့်မလာဖဲ နှုတ်ခမ်းလှုပ်ရုံညည်းနေပြီး mark အကျီစအား အားကိုးတကြီး
ဆုပ်ကိုင်ထားသည်။
နှုတ်ခမ်းထူထူတွေ ဖျော့တော့ကာ ပင်ပန်းနွမ်းနယ်နေပုံ ဖြစ်သော ထိုကလေးငယ်သည် မနေ့ညက ရေနစ်ခဲ့သည်ကို
ကြောက်လန့်ကာ ယောင်ယမ်းနေပုံရသည်။
"bambam...!! "
မှိန်းနေသော အကောင်ငယ်လေး၏ပါးနှစ်ဖက်ကို ခပ်စပ်စပ်ကလေးရိုက်ကာ လှုပ်နိုးနေသည်။
ထိုအခါ ကလေးငယ်သည် သူ၏အနွေးဝတ်ရုံကို ဆုပ်ကိုင်ထားသော လက်များက ပိုတင်းကျပ်လာပြီး ...
ВЫ ЧИТАЕТЕ
💚 Seon Saeng Nim 💚 [Z+U COMPLETED]
Фанфикшнmain - Markbam {Yaoi} side - Bnior {Normal } Drama Romance 💚
![💚 Seon Saeng Nim 💚 [Z+U COMPLETED]](https://img.wattpad.com/cover/151551674-64-k275944.jpg)