Part-5

27.7K 2K 21
                                        

Zaw Gyi Font:

မိုးကုတ်သည် အစဉ်မြဲချမ်းအေးနေတတ်တဲ့ရာသီဥတုရှိသည်မို့ အနွေးထည်ကိုယ်စီနှင့် လုပ်ငန်းခွင်အသီးသီးသို့သွားရန်ပြင်ဆင်နေကြလေပြီ။ ဝမ်းရေးကရှိသေးတော့ ချမ်းလွန်းလို့အိပ်ယာထဲခွေချင်ကြပေမယ့် ခွေခွင့်မရကြ။ သမုဒ္ဒရာဝမ်းတထွာ ဆိုသလိုပဲ ထိုဗိုက်တထွာလေးအားဖြည့်ဖို့အရေး နေ့စဉ်ရုန်းကန် လှုပ်ရှားကာ ရှာဖွေစုဆောင်းနေကြရသည်။

မိုင်းတွင်းထဲသို့ အလျှိုလျှိုဝင်လာကြသော အလုပ်သမားများအား တာဝန်ခံဂိတ်မှူးကတော့ လုပ်ထုံးလုပ်နည်းအတိုင်းစစ်ဆေးနေလေသည်။ အလုပ်သမားများကတော့ လုပ်ငန်းခွင်အတွင်း ထိခိုက်မှု နဲစေရန်ရည်ရွယ်၍လုပ်ပေးထားသော safety ဦးထုတ် နှင့် ဖိနပ်များအားဝတ်ဆင်နေကြလေသည်။

ဘုန်း ထိုမြင်ကွင်းအားအသေးစိတ်လိုက်အကဲခတ်ရင်း လိုအပ်နေသည့် လုံခြုံရေး နှင့် အန္တရယ်ကင်းရှင်းရေးအားထပ်ဖြည့်ပေးရန် မှတ်နေကျဖြစ်တဲ့စာအုပ်ထူထူပေါ်တွင်ချရေးလိုက်သည်။တစ်နေကုန်တစ်နေခန်း ချစ်တဲ့မိသားစုကိုပြစ်ကာ ကိုယ်ဆီမှာလာလုပ်နေတဲ့အလုပ်သမားများအတွက် အန္တရယ်ကင်းရှင်းရေး နှင့် သူတို့ပျော်ဖို့အရေးက ကျွန်တော့အတွက်တော့ အရေးကြီးဆုံးဖြစ်သည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပဲ အလုပ်သမားတွေပျော်မှ သူဌေးတွေအတွက်အလုပ်တွင်ကျယ်မှာဖြစ်သလို သူဌေးတွေတိုးတက်ကြီးပွားနေမှ အလုပ်သမားတွေအတွက် လစာကောင်းကောင်း ခံစားခွင့်ကောင်းကောင်းတွေရမှာဖြစ်သညိ။

ဒီနေ့ဂူတွင်းထဲက ကျောက်များသယ်ထုတ်ရန်အတွက် မယ်မယ်ရဲ့အကူအညီတောင်းမှုကြောင့် အစောကြီး မိုင်းတွင်းဘက်ထွက်လာဖြစ်ခဲ့သည်။ ခါတိုင်းနေ့တွေထက်ပင် အအေးပိုနေသောရာသီဥတုကြောင့် ပါးစပ်ဟလိုက်ရင်ကို အာငွေ့တွေထွက်နေရသည်မို့ အချမ်းပြေလိုပြေငြား လောင်းကုတ်ရှည်ရှည်ရဲ့ အိတ်ကပ်ထဲ သို့လက်ထိုးထည့်ကာ မိုင်းတွင်းထဲဝင်မည့်ဆဲဆဲဖြစ်နေသည့် ကားပေါ်သို့ အများသူငှာလိုပဲပြေးတက်လိုက်သည်။ ဘုန်း ကားပေါ်တက်လာတာမြင်သည်နှင့် ထိုင်နေသည့် အဘတစ်ယောက်ကထပေးလိုက်ကာ....

ကမ္ဘာအပြင်ဘက်( COMPLETE)Where stories live. Discover now