ရုပ်ရည်နဲ့ပတ်သတ်ပြီး

2.9K 534 33
                                    

လောကကြီးမှာ ကိုယ်တို့တွေ ရွေးချယ်လို့ မရတဲ့ အရာတွေထဲက တစ်ခုက ကိုယ်တို့ရဲ့ ရုပ်ရည် ပဲ။

ယောကျာ်းလေးရော မိန်းကလေးတွေ … ကိုယ်အပါအဝင် ကိုယ် ရရှိထားတဲ့ ရုပ်ရည်နဲ့ ပတ်သတ်ပြီး အားမလို အားမရတွေ ဖြစ်ကြတယ်။
တချို့ ဆို မကြိုက်လို့ ခွဲစိတ်ပြု ပြင်ပစ်တာတွေရှိတယ်။ ငွေကြေးတတ်နိုင်ရင်ပေါ့။
ငွေကြေးမတတ်နိုင်တဲ့ သူတွေကျတော့လဲ တခြားတစ်နည်းနည်းနဲ့ နဂိုထက် ပိုလှပအောင် ကိုယ့်ရုပ်ရည်ကိုပြင်ဆင်ကြတယ်။

တကယ်တော့ ရုပ်ရည် ဆိုတာကလဲ အမြဲပြောင်းလဲနေတာ။
မြင်ဖူးမှာပေါ့ ငယ်ငယ်တုန်းက ရုပ်ဆိုးပန်းဆိုး ကောင်မလေးဟာ အရွယ်ရောက်လာတော့ သူမတူအောင် လှလာတာတွေ။

လူလတ်ပိုင်းအရွယ်မှာ ဖိအားဒဏ်ကြောင့် အိုမင်းရင့်ရော်ပုံပေါ်တဲ့ ကောင်မလေးတွေဟာ အောင်မြင်မှု အတိုင်းအတာတစ်ခုထိ ရောက်လာတဲ့အခါ ကျက်သရေ ရှိတဲ့ အလှတွေ ပိုင်ဆိုင်လာတာတွေပေါ့။

ဘယ်သူမှ သွားမကြည့်နဲ့ ရုပ်ရှင် မင်းသား မင်းသမီးတွေ ကိုပဲကြည့်။

စစပေါ်ချင်း ရုပ်ရည်နဲ့ အောင်မြင်လာတဲ့အခါ ဖြစ်လာတဲ့ရုပ်ရည် ။ လုံးဝ မတူဘူးနော်။ အများကြီး လှလာတယ် ။ ခန့်လာတယ်။

ဒါကြောင့် ရုပ်ရည်ထက် အောင်မြင်မှုတစ်ခု ရအောင်လုပ်ပါ။

လာကကြီးမှာ အပြင်ပန်းလှတာထက် အတွင်းထဲမှာ အရည်အချင်းပြည့်ဝနေတဲ့ လူကို လူတွေက ပိုချစ်ခင်ပါတယ်။ ပိုအားကိုးပါတယ်။

ဘယ်လောက်ပဲ လှလှ စိတ်ပုတ်တဲ့အခါ လူတွေက ဖယ်ကြဉ်သွားမှာပဲ။

ဘယ်လောက်ပဲ အကျည်းတန်ပါစေ သူဟာ
စိတ်ကောင်းရှိတယ် လူတွေကို ကူညီတယ်ဆိုရင် သူဟာ လူချစ်လူခင်များနေမှာပါပဲ။

အပြင်ပန်း အလှဟာ လိုအပ်သလို ပိုက်ဆံ ရှိရင် ရှိသလို ပြုပြင်လို့ရပါတယ်။

ပြုပြင်ချင်တယ်ဆိုရင် ကိုယ်က ပိုက်ဆံရှာပေါ့။
အောင်မြင်အောင်လုပ်ပေါ့။

ဆိုပေမယ့် ဘယ်လောက်ပဲ ပြုပြင်ထားပါစေ…
အဲ့အလှဟာ မမြဲပါဘူး။ တစ်ချိန်ချိန်တော့ ပျက်ဆီးသွားမှာပါပဲ။ ကိုယ်က လှနေပြီး အကျင့်မကောင်းရင် လူတွေက ချဉ်ကြမှာပဲ။

စိတ်ထားအလှကတော့  အမြဲ ရှိနေပြီ…  ကိုယ့်ကိုလူတွေချစ်ခင်ကြမှာပါပဲ။

ထပ်လောင်းပြီးတော့ ပြောပါရစေ…

ယောကျာ်းကောင်း ယောကျာ်းမြတ်တို့မည်သည့်
ရုပ်ရည်လှပတဲ့ ကောင်မလေးထက် စိတ်ထားလှပတဲ့ ကောင်မလေးကို ပိုပြီး တန်ဖိုးထားပါတယ်

လှပရင် မြင်မြင်ချင်းတော့ စွဲလမ်းသွားနိုင်ပါတယ့် ခဏတာပါပဲ။
ဒါပေမယ့် စိတ်ထားမွန်မြတ်ရင်တော့ တစ်သက်သာလုံး စွဲလမ်းသွားပါလိမ့်မယ်။

Beauty is not in the face; beauty is a light in the heart. ...
အလှတရားဆိုတဲ့ မျက်နှာပေါ်မှာ ရှိနေတာမဟုတ်ဘူး။
အလှတရားဆိုတာ နှလုံးသားထဲမှာ ရှိနေတဲ့ အလင်းရောင်ပါ။
(အလင်းရောင်ဆိုတာ မွန်မြတ်တဲ့စိတ်ထားကိုပြောတာပါ။ တရားသဘောအရဆိုရင်တော့ တရားကိုသိမြင်တဲ့ ညဏ်ပေါ့)

လိပ်ပြာလေးတွေက သူတို့ရဲ့အတောင်ပံ လေးတွေ
ဘယ်လောက်လှသလဲဆိုတာ သူတို့ မမြင်နိုင်ဘူးတဲ့။
ဒါပေမယ့် သူတို့ကို ကြည့်တဲ့သူကတော့ မြင်နိုင်တယ်တဲ့။ပျံသန်းနေတဲ့ အတောင်ပံလေးတွေ ဘယ်လောက်လှသလဲဆိုတာ။

ဒီလိုပဲ။
လူသားတွေဟာလဲ ကိုယ့်မှာရှိတဲ့ အလှတရားတွေကို မမြင်နိုင်ဘူးတဲ့။
ဘေးလူကတော့ ခံစားနိုင်တယ်တဲ့။

လူတိုင်းဟာ လှပကြတယ်။
သူတို့ မမြင်တာကလွဲလို့ပေါ့။




ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now