Intro

183K 6.6K 202
                                    

Zawgyi + Unicode

INTRO..

သို့.





တကယ်ပဲ ပျော်ပါရဲ့လား..




ကိုယ်သဘောကျရတဲ့..မာနသိပ်ကြီးသောမင်းက မမြင်နိုင်တဲ့..လေပြည်အတွက်ဆို အရာအားလုံးအရှုံးပေးခဲ့တယ်တဲ့လား..






INTRO..

သို့.

ချစ်သောလေပြည်ရဲ့ချစ်သူ..

မင်း..ကိုယ့်ကိုကျောခိုင်းခဲ့ချိန်က
မင်း..တလောကလုံးထက် ပျော်ရွှင်နေပါမယ်လို့..သိပ်လှတဲ့မျက်ဝန်းနက်နက်လေးတစ်စုံနဲ့

ကိုယ့်ကိုကတိပေးသွား..ခဲ့တာမှတ်မိပါရဲ့လား
.မြတ်နိုးခြင်းများစွာနဲ့..ကိုယ်..တမ်းတလျက်ပါ လေပြည်ရဲ့ချစ်သူ..

ကိုယ်သိချင်မိပါရဲ့တခါတလေမှ ပန်းရနံ့..တချို့ကို သယ်ဆောင်ပေးတတ်တဲ့ လေပြည်ရဲ့ကျီစယ်မှုကိုမင်းလေး

တကယ်ပဲ ပျော်ပါရဲ့လား..

မုန်တိုင်းဆင် သွားတဲ့လေပြည်ရဲ့ရက်စက်မှုကြောင့် အကြိမ်ကြိမ်ကျဆင်းဖူးတဲ့..မင်းမျက်ရည်တွေ ကိုယ်သုတ်ပေးဖို့..မင်းလေးတစ်ခါမှ ခွင့်မပြုခဲ့ဖူးဘူးနော် .

အဲလိုအခါမျိုး ကိုယ်ဟာ..ကမ်းထားတဲ့လက်တစ်စုံကို ပြန်ရုပ်သိမ်းခဲ့ရရုံကလွဲဘာများ တတ်နိုင်ပါမလဲတဲ့.

လေပြည်ဟာဖမ်းဆုပ်ဖို့မဖြစ်နိုင်မှန်းသိရက်ထိတွေ့ဖို့ကြိုးစားတဲ့မင်းလေးဟာ အမှန်ကို သိပ်ရူးမိုက်တယ်..လေပြည်ရဲ့ချစ်သူ..

ကိုယ်သဘောကျတဲ့..မာနသိပ်ကြီးသောမင်းက မမြင်နိုင်တဲ့..လေပြည်အတွက်ဆို အရာအားလုံးအရှုံးပေးခဲ့တယ်တဲ့လား..

တစ်ခါတစ်လေ.များ..ကိုယ်ဟာသဆန်ဆန်..တွေးမိပါရဲ့..မင်းလေး..အသက်မရှူတတ်ခဲ့ရင်..သိပ်ကောင်းမယ်လို့.

မင်း..သိပါရဲ့လား. ချစ်သော လေပြည်ရဲ့ချစ်သူ.တကယ်ဆို.ကိုယ်ဟာ မင်းကို

လေပြည်မရှိသောအရပ် မှာ

ထာဝရထားချင်ခဲ့တာမျိုး ပေါ့...

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now