💚Seon Saeng Nim💚

602 34 28
                                        

Episode💚Ten
Markbam🐊🐍

Zawgyi ::;

Ring....Ring....📲📲📲📲📲

markဓာတ်ဆီဆိုင်တွင် ကားဆီဝင်ဖြည့်နေရင်းမှ အိတ်ကပ်ထဲမှ ဖုန်းမြည်လာလို့ ထုတ်ကြည့်တော့ ဆရာကန်ဆီမှဖြစ်သည်။
ဆီဆိုင်နှင့်မလှမ်းမကမ်းတွင် ဖုန်းသွားပြော၏။

"ဟုတ်ကဲ့ စီနီယာကန်......"

"အာ..အင်းသိပြီစီနီယာ ကျေးဇူးနော်.."

ဆီဖြည့်ခြင်းကိစ္စပြီးစီးသည်နှင့် ကားကို ဆက်မောင်းလာခဲ့ကြသည်။

"Bambam...မင်းအဖေ ဆရာကန်ဆီ ဖုန်းဆက်တယ် မင်းကိုဆက်သွယ်လို့မရလို့တဲ့ "

"Nae..ကျတော်ဖုန်းက.. ဖုန်းက..အာအဲ့နေ့ကရေထဲကျသွားတယ်...."

"Aww.."

ဟင်း!!!!
ငါpaကိုမေ့နေခဲ့တာဖဲ မဆက်သွယ်ဖြစ်တာနှစ်ရက်တောင်ရှိပီကိုး။
Papaအရမ်းစိတ်ဆိုးနေတော့မှာဖဲ။

"ဟိုလေ seon saeng nim..ဖုန်းလေးပေးပြောပါလားဟင်..?"

"မင်းအဖေဆီဆက်မလို့လား?"

"ဟုတ်..."

"အင်း ဂမ်နမ်ချောင်းကိစ္စမပြောနဲ့အုံး အရမ်းစိတ်ပူနေကြအုံးမယ်..စီနီယာက မင်းကို ငါနက်ဈေးသွားဝယ်ကြတယ်လို့ ပြောထားတာ.."

"ဟုတ်ကဲ့ပါ ကျတော်သိပါတယ် ကိုယ်သေတွင်းကိုယ်တူစရာလားဗျာ..."

Markကမ်းပေးသောဖုန်းကို လှမ်းယူရင်း မသိမသာ ရန်ထောင်နေပြန်သည်။

ဂမ်နမ်ကိစ္စ ဖခင်ဖြစ်သူ သိပါလျှင် နောက်အပြင်ထွက်ဖို့ ကမ်းမမြင် လမ်းမမြင် ဖြစ်မည်သာ။

"အင်းပါးပါး..ဘေဘီအရမ်းလွမ်းနေတာ..."

အဖေဖြစ်သူကို နှစ်ရက်တာ အဆက်အသွယ်ဖြတ်ထားမှုကြောင့် ဖခင်စိတ်ကျေနပ်အောင် ပျော့ပျောင်းသော အသံတို့နှင့် ချွဲ့နွဲ့ကာ ချော့ရတော့သည်။

ညဏ်နီညက်နက် agyeoတွေသုံးကာ ချွဲစိန်လုပ်နေသော ပုဇွန်ထုပ်လေးကို ကြည့်ကာ
Mark မှာ ခေါင်းတခါခါဖြစ်နေရသည်။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now