Part-21

23.4K 1.8K 40
                                        

ပူကျစ်နေသည့် ဘုန်း၏ခန္ဓာကိုယ်ကြောင့် အိမ်ပြန်လွှတ်ဖို့ရာ စိတ်မချခြင်းကနေရာယူ၏။ ထိုနောက်အိမ်အတွင်းသို့ တွဲခေါ်လာကာ အိမ်ယာထဲလှဲစေလိုက်ပြီး တတ်သမျှမှတ်သမျှ ပြုစုနည်းများဖြင့် လုပ်ပေးမိသည်။

အဝတ်စ ကိုရေဆွတ်ကာ နဖူးပေါ်အကြိမ်ကြိမ်အုပ်ပေးတော့ တဖြည်းဖြည်းအပူကျသွားကာ အိပ်ပျော်သွားသည့်ဘုန်းနဖူးလေးအား အသာအယာနမ်းလိုက်သည်။ နာရီကြည့်တော့ ၄ နာရီတောင်ထိုးနေပြီမို့ ဘုန်းနိုးလာတဲ့အခါ အဆင်သင့်စားဖို့ဘာမှရှိမနေ။

မီးဖိုချောင်အားလှန်လှော်ကြည့်တော့ ဆန်ကလွဲရင်စားဖို့ရာ ခေါက်ဆွဲခြောက်ပင်မရှိ။ ခေါင်းကိုတဗျင်းဗျင်းကုတ်ကာ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတော့သည်။ နောက်တခါဆိုစားစရာတွေအပြည့်ထားထားမှ။

ထိုနောက် ရှိနေသည့်ဆန်ကိုပဲ ဆန်ြ့ပုတ်ပြုတ်ဖို့ရာ စိတ်ကူးရသည်မို့ အိုးထဲ ဆန်အနည်းငယ်ထည့်ကာ ရေများများထည့်လိုက်ပြီး လျှပ်စစ်မီးဖိုပေါ်သို့တင်ကာ ဆူလာသည်ကိုစောင့်နေလိုက်၏။

တပွက်ပွက်ဆူနေပြီမို့ လိုအပ်သည့် ဟင်းခတ်အရသာနည်းနည်း ထည့်ကာ ပြဲမလာသေးသည့်ဆန်လုံးအား ကြည့်ရင်းခေါင်းကုတ်ရင်း နှင့်ပင် ရေထပ်လောင်းထည့်လိုက်သည်။

မင်းတော့မသိဘူး ဘုန်း။ အဟက်.. ငါချက်တဲ့ဆန်ပြုတ်ကို ငါတောင်မစားချင်ဘူး..

အချိန်အတော်ကြာသည့်အထိ ပွက်စေလိုက်ပြီး ရနေပြီလို့ထင်ရသည်မို့ မီးပိတ်ကာ အိပ်ယာဆီသို့ပြန်လာခဲ့လိုက်သည်။

အပြစ်ကင်းစွာ အိပ်မောကျနေသည့်ဘုန်းဘေးနားတွင်ဝင်လှဲလိုက်ရင်း လက်ထောက်ကာ ငေးကြည့်နေမိသည်။ ဘယ်လောက်ဖျားခဲ့လဲဆိုတာ တော်တော်ချိုင့်ဝင်နေသည့်မျက်လုံးများကသက်သေပင်။
ဆေးခန်းမသွားဘူးလား? သူအဲလိုဖြစ်နေတာ မင်းခန့်တို့ရောမသိဘူးလား။ သိချင်မှလဲသိလိမ့်မည်။ သူရန်ကုန်လာမည့်အချိန်ကို အထွေအထူးသိပ်မပြောတတ်။ ကိုယ်တောင် 'ငါရောင်နေပြီဂုဏ် 'ဆိုမှ သိသည့်အခါက သုံးလေးငါးခါမက။

ကမ္ဘာအပြင်ဘက်( COMPLETE)Donde viven las historias. Descúbrelo ahora