မှန်နှင့်မှန်မဟုတ်သောာ

1.9K 358 13
                                    

မှန်ထဲကိုကြည့်လိုက်ပါ
သင် ပြုံးပြရင် ပြုံးပြမယ့် သူကိုတွေ့ရပြီး
သင် မဲ့ပြရင် မဲ့ပြတဲ့သူကို တွေ့ရလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့
မှန်ဆိုတာက ရောင်ပြန်ဟက်တတ်လို့ပဲ။

ဒါပေမယ့် လက်တွေ့ဘဝ …
လူပေါင်းစုံနဲ့ တွေ့ဆုံဆက်ဆံရတဲ့အခါ…

သင် ပြုံးပြလိုက်ပေမယ့်လဲ
သင့်ကို ပြန်မပြုံးပြမယ့် လူတွေ အများကြီး ရှိတယ်။

သင် မဲ့ပြလိုက်ပေမယ့်လဲ
သင့်ကို ပြန်မမဲ့ပြမယ့် လူတွေ အများကြီး ရှိတယ်။

ဘာလို့လဲဆိုတော့…
လာကထဲက လူတွေအားလုံးဟာ…
မှန် မဟုတ်ကြသလိုပဲ။

သူတို့စိတ်ထဲ ကျေနပ်နေတာ အခါ…
သူတို့ ပြုံးပြမယ်။

သူတို့စိတ်ထဲ အလိုမကျတဲ့အခါ
သူတို့ မဲ့ချင်မဲ့ပြမယ်။
မျက်စောင်းထိုးချင် ထိုးမယ်။

ကိုယ် ပြုံး ပြရဲ့သားနဲ့
ကိုယ့်အပေါ် အဲ့လိုမျက်နှာထား လုပ်ရသလားဆိုပြီး… စိတ်မဆိုးနဲ့။

သူ့စိတ်ထဲမှာ ဘာတွေ ဖြစ်နေလဲ…
သူ ဘယ်လို အခက်အခဲတွေ ရှိနေလဲ ဆိုတာ…
တစ်ချက် သူ့ဘက်ကတွေးပြီး နားလည်ပေးပါ။

စိတ်ဆိုးတဲ့အခါ …
ပထဆုံး ကိုယ့်ကို ကိုယ် ပြန်ထိပါတယ်။
ငါ့ကို အဲ့လိုလုပ်ရလားဆိုတဲ့
ဒေါသနဲ့ အတ္တ ပေါင်းစပ်ပြီး အမုန်းတွေပွားတတ်တယ်။

ခဏလေး လျှပ်တစ်ပြတ်လေး ဆုံလိုက်တဲ့အခိုက်မှာ…
အမုန်းစိတ်လေးကို မဖြစ်ပေါ်ပါစေနဲ့လား။

အမုန်းစိတ်က …
လောကရဲ့ အလှတရားကို ဖျက်ဆီးတတ်တယ်။

ကိုယ့် ရာသီဥတုနဲ့ ကိုယ်နေပါ။
သူ မပြုံးပြလဲ … ငါက သဘောထားကြီးတဲ့သူမို့
ငါကတော့ ပြုံးပြမယ်လို့တွေးပါ။

အပြုံးတစ်ခုကို လက်ခံ ရ ရှိလိုက်တဲ့သူဟာ…
အားအင် ရ ရှိသလိုပဲ …
ဒါကြောင့် ကိုယ်က စပြီး… ပြုံးပြပေးပါ။
သိသိ မသိသိ ကြုံကြိုက်တဲ့အခါ … ပြုံးပြလိုက်ပါ။

ပြန်ပြုံးပြတဲ့သူတစ်ဝက်
မပြုံးပြတဲ့သူတစ်ဝက်
တွေ့ရပါလိမ့်မယ်။

အဲ့ခါကျရင် လောကရဲ့ လူတွေဟာ…
မှန်မဟုတ်ပါလားလို့ တွေးမိလိမ့်မယ်။
အဲ့လိုတွေးမိရုံနဲ့တင်လူတွေနဲ့ဆက်ဆံရတာ
အဆင်ပြေလာပါလိမ့်မယ်။

လောကမှာ အရေးကြီးတဲ့အရာတွေထဲမှာ
ဆက်ဆံရေးလဲ ပါတယ်။

လူလူချင်း ဆက်ဆံရေးကို
အလေးမထားလို့ ကိုယ်တို့တွေ
တစ်ယောက်တည်းဖြစ်နေပြီး အထီးကျန်နေရတာ…………





AN : Ren အခု ဆေးရုံရောက်နေတာ။
   ဆေးရုံက ကိုယ်နဲ့ မျက်လုံးချင်းဆုံတဲ့သူမှန်သမျှကို ပြုံးပြတယ်။ ယောကျာ်းလေးတွေတော့မပါဘူးပေါ့။
ဖတ်ဖူးတာတစ်ခုရှိတယ်။ "လူတွေက ကိုယ့်ကို တစ်ယောက်ယောက်က ပြုံးပြတဲ့အခါ ကျေနပ်ကြတယ်တဲ့ "

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now