💚Seon Saeng Nim💚

525 33 15
                                        

Episode💚Eleven
Markbam🐊🐍

Zawgyi :::

"minho ကလဲကြာလိုက်တာကွာ..."

bambam လက်တွင်ပတ်ထားသော rolex နာရီလေးကို ခဏခဏဆိုသလို ငုံကြည့်လိုက်
ပတ်ဝန်းကျင်ကို ဘယ်တလှည့် ညာတစ်လှည့်
ခေါင်းတမော့မော့ ကြည့်လိုက်နဲ့ မင်ဟိုကို
တမျှော်မျော် စောင့်လို့နေသည်။

ပါးပါးအတွက် အကျီ တွေရွေးနေရင်းမှ
"ဟိုဘက်နားမှာ ဝယ်စရာရှိလို့ ခဏပြန်လာမယ် ဒီကဖဲစောင့်နေ" ဆိုသည့် မင်ဟိုစကားကြောင့်အကျီဆိုင်ရှေ့ အုတ်ခုံနားတွင်bambam
ထိုင်စောင့်နေသည်မှာ နာရီဝက်လောက် ရှိနေပြီ။

ညကလဲ တဖြည်းဖြည်းနဲ့ မှောင်စပြုလို့ တချို့ ဈေးဆိုင်တွေဆို ပိတ်တောင် ပိတ်နေပြီ။
အခုချိန်ထိ မင်ဟို အရိပ်အယောင်တောင်
မတွေ့ရသေး။

"ဒီကောင်ကလဲ ကြာလိုက်တာကွာ..ငါကလမ်းတွေမမှတ်မိပါဖူးဆိုမှ...."

ဒုတ်!

အ..!

ဝေါ့....!

"အား ဘာ ဘာကြီးတွေလဲ?..."

Bambam မင်ဟိုအား စောင့်ကြည့်နေရင်းမှ
အရက်မူးသမား တစ်ယောက် ယိုင်နဲ့နဲ့ လျှောက်လာရင်း ထိုင်နေသော သူ့အားဝင်တိုးတိုက်ပြီး
နောက် ပေါင်ပေါ်သို့ ထိုးအန်ချလာတော့သည်။

bambam ချက်ချင်းပင် ထရပ်ကာ ဘောင်းဘီပေါ်မှ အညစ်အကြေးများကို အရင်ခါချနေသည်။

"ခင်များ! ညစ်ပတ်လှချည်လား? ဒီမှာ ကျတော့်
ဘောင်းဘီတွေ ညစ်ပတ်ကုန်ပီ..."

"အေ့...မင်းက ငါသွားမယ့်လမ်းမှာ အေ့ လာပိတ်နေတာကိုး..အေ့ ဆောတီး ဆောတီး ချာတိတ်...အေ့.."

လက်ထဲတွင် ဆိုဂျူးပုလင်းကိုင်ကာ ရှေ့နောက်
ယိုင်ထိုးနေရင်းမှ bambam ကိုပြောနေ၏။
အဝတ်အစားကလဲ ဖယိုဖရဲဖြစ်ကာ မျက်နှာတွေလဲ နီရဲနေပြီး
ကိုယ့်ထက်လည်း အသက်ကြီးသူဖြစ်ကာ အမူးလွန်နေတာကြောင့်
Bambam ထူးထူးထွေထွေ မပြောတော့ဖဲ
အနီးနားရှိ လူတစ်ယောက်ကို အများသုံး သန့်စင်အား မေးခဲ့ကာ သန့်ရှင်းဆေးကြောရတော့သည်။

သူမသိလိုက်သည်မှာ ထိုအမူးသမားသည်
မလှမ်းမကမ်းတွင် ကားနက်ကြီးအားမှီကာ
ရပ်နေသော လူတစ်ယောက်အား မျက်ဆပစ်ပြခဲ့သည်ပင်။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now