💚Seon Saeng Nim💚

635 34 46
                                        

Episode💚Thirteen
Markbam🐊🐍

Zawgyi :::

"ဘယ်လိုဟာကြီးလဲ မသိဖူး?
သူ့များကို သူနမ်းချင်တိုင်း လာနမ်းနေတယ်..
Aish! စိတ်တိုလိုက်တာ နော်.. 😣

အရပ်ကပုပုနဲ့ ပိန်လိုက်တာကလဲ ဝါးခြမ်းပြားလိုဖဲ...
အလကားရုပ်ဆိုးပန်းဆိုး လူကြီး...
မုန်းစရာကြီး.....😫"

<< မင်းကို နမ်းချင်ရင်များ ဒီလိုလုပ်စရာတောင်
မလိုဖူး....
ငါနမ်းချင်တဲ့ အချိန် ထနမ်းလို့ရတယ်..>>

"Wae? Wae? ကိုယ်နဲ့ဘာမှမဆိုင်တဲ့သူကို အဲ့လို နမ်းလို့ရသလား?
သူများနှုတ်ခမ်းတွေကို သူ့ private zone များ
ထင်နေလား မသိ?
အား! ခင်များကြီး ဘာလဲဗျာ ?
လူကို စိတ်ရှုပ်အောင်လုပ်ပြန်ပြီ..😤"

နေလယ်ခင်း အချိန်လောက်တွင် hallasan တောင်မှ ပြန်ဆင်းလာဖြစ်ကြသည်။
အတွဲဖော်တွေနဲ့ တောင်ပေါ်မှ အတူတူ ပျော်ပျော်ပါးပါးဖဲ ပြန်ဆင်းလာသော်လည်း
Bambam မှာ ရှေ့ဆုံးကနေ တစ်ယောက်တည်း
ခြေထောင့်တွေတဆောင့်ဆောင့်နဲ့ ပွစိပွစိလုပ်ကာ မကျေမချမ်းဖြစ်နေသည်။

အနာသိပ်မကျက်သေးသော ခြေဖဝါးဒဏ်ရာကို
သတိမထားမိလောက်အောင်ထိ mark tuan
ကို ကျိန်ဆဲနေမိသည်။

သူသတိမထားမိသော နောက်တစ်ခုမှာ
သူမေတ္တာပို့သနေသော ထိုလူကြီးသည်
သူ့နောက်တွင် ထပ်ကြပ်မကွာ လိုက်ပါနေခြင်းပင်။

သူကျိန်စာတိုက်နေသမျှ အကုန် ကြားနေရပြီး
ရယ်ချင်စိတ်တွေကို မနည်း အောင့်အင်းထားရသည်။

"အလကား byuntaeကြီး...byuntaeကြီး..
byuntaeကြီး ..အား..."

တတွတ်တွတ်နဲ့ ပါးစပ်လှုပ်နေသမျှ ခြေထောက်တွေလဲ ဆောင့်ကာ ဆင်းနေသောအခါ
လှေကားထစ်တွေ ကျော်ဆင်းမိပြီး ခြေခွင်ကျပါတော့သည်။

ဒီကနေ ပြုတ်ကျပါလျှင် လူက ဟိုးတောင်ခြေထိ
လှေကားထစ်တွေကနေ တလှိမ့်လှိမ့် ကျဆင်းသွားမည်ဖြစ်ကာ
ပြေပြစ်လွန်းသည့် တောင် ကြောင့် တောင်ခြေတဆုံးရောက်သောအခါ ခြေလက်ကျိုးမည်။
မတန်ကာ အသက်ပင်သေနိုင်လောက်မည်။

ယိုင်ထိုးသွားသော ခန္ဓာကိုယ်ကို ဟန်ချက်မထိန်းနိုင်ခင်မှာပင် လက်တန်းတွေကို
အမိအရာ ဆွဲကိုင်လိုက်ပါသော်လည်း
မမှီတော့ချေ ။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Donde viven las historias. Descúbrelo ahora