လေရူးတောင်
....................
အချိန်အတော်ကြာ ပြေးလွှားလာခဲ့ပြီး နောက်ဆုံး၌ လင်းဖန်သည် အန္တရာယ်ကင်းသောနေရာတစ်ခုကို ရောက်ရှိခဲ့လေသည်။သူ၏ရင်ထဲတွင် အေးစက်ကြောက်ရွံ့မှု့များပျံ့နှံ့နေကာ ဒီကမ္ဘာကြီးထဲရှိ ကြီးနိုင်ငယ်ငယ်ညှင်းလုပ်ရပ်အကြောင်းကို တွေးတောနေမိသည်။အင်အားကြီးသူတစ်ယောက်က အင်အားနည်းသူတစ်ယောက်ကို ပုရွက်ဆိတ်ကလေးများသတ်လိုက်သလို ဘာမျှအမှု့မထားသည့်ဟန်နှင့် သတ်ဖြတ်တာကို နဖူးတွေ့ဒူးတွေ့ သူရင်ဆိုင်လိုက်ရ၏။
သူတွေ့မြင်ခဲ့သော ရောင်ခြည်လမ်းလေးမှာရှိသည့် ဂူထဲသို့သွားရန်စိတ်ကူးလည်း မရှိတော့ပေ။ သူသည် ဂူလေးကို တစ်ချက်မျှသာလှည့်ကြည့်လိုက်ကာ တတ်နိုင်သမျှ မြန်မြန်ပြေးခဲ့ခြင်းဖြစ်၏။လျန်ဖေးကား ယွမ်ဟိုင်ကျောင်းသားချင်းအတူတူ သူ့ကို သတ်ချင်နေခဲ့သည်။
" မြှားဝိဥာဉ်ပိုင်ဆိုင်ထားသူတွေက မြှားကို လိုအပ်သလိုထိန်းချုပ်ကာ လူတစ်ယောက်ကို အနည်းငယ်ကွာဝေးသောနေရာမှပင် သတ်ဖြတ်နိုင်ကြတယ်။ဒါပေမယ့် အနီးကပ်တိုက်ခိုက်မယ်ဆိုရင် သူမကို တစ်ချက်တည်းနဲ့ ငါသတ်နိုင်တယ်.."
သူ၏ဓားကိုအသုံးပြုလိုက်သောအခါ အားရကျေနပ်ဖွယ်ကောင်းသောအတွေ့အကြုံတစ်ခုရခဲ့တာကို လင်းဖန်တွေးနေ၏။သူ၏အမြန်နှုန်းသည် အလင်းကဲ့သို့ လျင်မြန်ကာ သူ၏ ဓားချက်များသည် မိုးကြိုးသွားက လေကို ထိုးခွင်းလိုက်သကဲ့သို့ ဖြစ်နေသည်။သူ၏အနားသို့ မြှားက နီးကပ်လာသောအခါ နှစ်ပိုင်းပြတ်ထွက်သွားအောင် လုပ်လိုက်နိုင်ခြင်းသည် သိုင်းလေ့ကျင့်ရာ၌ အချည်းနှီးမဖြစ်ခဲ့သည်မှာ ထင်ရှားသည်။လင်းဖန်သည် သူ၏တိုးတက်လာမှု့များအတွက် ဂုဏ်ယူဝင့်ကြွားခြင်းကားမဖြစ်မိပေ။
လင်းဖန်အနေဖြင့် ချောက်ကမ်းပါးထပ်ရှိတောင်ပေါ်မှာ ခုနှစ်ရက်တိုင်တိုင် သိုင်းလေ့ကျင့်ခဲ့ပြီးပြီ။ သူ၏ကိုယ်တွင်းစွမ်းအားများကို အလွန်အကျွံသုံးစွဲနေသော အမှောင်ဝိဥာဉ်၏ အကူအညီဖြင့် ငွေတောင်ပံသိုင်းကျမ်းကို လည်း လေ့ကျင့်ခဲ့ပြီးပြီဖြစ်သည်။
