ဘဝမှာနေပျော်ဖို့

2.3K 397 19
                                    

Everyone is temporary!
လူတိုင်းဟာ ထာဝရမဟုတ်ပါဘူး။ ခဏတာပါပဲ။
ဒါကြောင့် မစွဲလမ်းပါနဲ့ ။ စွဲလမ်းသွားတဲ့အခါ ခံစားရပါလိမ့်မယ်။
ကိုယ့်ဘေးမှာရှိနေတဲ့ချစ်သူဟာလဲ ခဏပဲကိုယ်နဲ့ရှိမှာ။ ကိုယ့်ဘေးမှာရှိနေတဲ့သူငယ်ချင်းဟာလဲ ခဏပဲရှိမှာ။အမြဲတမ်း ထာဝရ မရှိနိုင်ပါဘူး။

Laugh with many !
But don't trust any!
လူတိုင်းနဲ့ ပျော်ရွှင်ရယ်မောပါ။
ဒါပေမယ့် လူတိုင်းကိုတော့မယုံကြည်ပါနဲ့။
ယုံကြည်မှုကို ဖျက်ဆီးခံရတဲ့အခါ နာကျည်းမှုတွေမဖြစ်အောင် ချင့်ချင့်ချိန်ချိန်နဲ့ လူတွေကိုယုံကြည်ပါ။

Hug Harder !
Smile Bigger!
love longer !
တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပါ။
အားရပါးရ ပြုံးပြပါ။
ချစ်နိုင်သလောက် များများချစ်ပေးပါ။
ကိုယ့်ဘေးမှာ ရှိတုန်းလေး ကိုယ်ချစ်တဲ့သူတွေကို
အကောင်းမွန်ဆုံး ပေးဆပ်လိုက်ပါ။

Don't change yourself for anyone !
တခြားတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုကိုယ် မပြောင်းလဲပါနဲ့။
ကိုယ့်အကျင့် ကိုယ့်စရိုက် ကိုယ့်ပုံစံအတိုင်းပဲ ကိုယ်ရှိနေပါ။

Never give up the fight for yourself!
မင်းကိုယ်မင်းအတွက် မင်းရဲ့အမှန်တရားအတွက်
ရင်ဆိုင်တိုက်ခိုက်နေခြင်းကို ဘယ်တော့မှ လက်မလျော့လိုက်ပါနဲ့။
မင်းကိုယ်မင်းအတွက် အမြဲတိုက်ခိုက်ပါ။

Don't let the heart that didn't love you… keep you from the one that will
မင်းကို မချစ်တဲ့သူဆီကို မင်းရဲ့ နှလုံးသားကို သွားခွင့်မပေးပါနဲ့။
မင်းကိုချစ်တဲ့ သူ့ကို ပေးအပ်ဖို့အတွက်သာ နှလုံးသားကို သိမ်းဆည်းထားပါ။

We all struggle but never give up
ငါတို့အားလုံး အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်။
ဒါပေမယ့်ဘယ်တော့မှ အရှုံးမပေးနဲ့။

It is ok if they don't like you.
not everyone has a good taste
သူတို့ မင်းကို မနှစ်သက်လဲ အေးဆေးပါပဲ။ဘာကြောင့်လဲဆိုတော့ လူတိုင်းမှာ ကောင်းမွန်တဲ့ စိတ်သဘောထားမရှိလို့ပါပဲ။
သူတို့ကို ခေါက်သာထားလိုက်ပါ။

You are what you eat !
မင်းစားလိုက်တဲ့ အတိုင်း မင်းဖြစ်တာပါ။
လှပချင်ရင် ကျန်းမာချင်ရင် မင်းစားတဲ့ အစားအသောက်ကို ဆင်ခြင်ရမယ်။

You are going to make a lot of mistakes
မင်းဟာ အမှားပေါင်းများစွာကို လုပ်တော့မှာ။
လုပ်လိုက်စမ်းပါ။မှားလိုက်စမ်းပါ။
ဒါပေမယ့် အမှားထဲက သင်ခန်းစာမယူရင်တော့ မင်းဟာ အရူးတစ်ယောက်ပဲ။

Make happy things for yourself
မင်းအတွက် ပျော်ရွှင်မှုတွေကို ဖန်တီးပါ။
ဘာမှမလုပ်လိုက်ရပဲလူငယ်ဘဝကို သတ်ပစ်လိုက်တာမျိုး မဖြစ်စေနဲ့။







ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now