Part-28

18.6K 1.5K 41
                                        




အခန်းထဲတွင် ဘုန်းရိုက်ခွဲထားသည့် အပိုင်းအစတွေက ရစရာမရှိအောင်ပေပွနေခဲ့သည့်တိုင် စိတ်တွေက မငြိမ်းချမ်းနိုင်ခဲ့။

** အချစ်က ဘ၀မဟုတ်ဘူး ဘုန်း

မင်းအဲလိုကြေကွဲပြနေရအောင် တန်လို့လား..**

အတန်တန် ကိုယ့်ကိုယ်ကို သတိပေးနေသည့်တိုင် လိုက်မနာနိုင်သည့် စိတ်နှင့် ခန္ဓာကိုယ်အား အပြစ်ပေးချင်လာသည်မို့ နံရံအား ခေါင်းနှင့် ခပ်ကြမ်းကြမ်းပစ်တိုက်တော့ ... ဖြန့်ကျဲကျလာသည့် ပျစ်ချွဲချွဲ နီရဲရဲသွေးတွေ...

" အဟား ဟား..... မေ့သွားတော့ ဘုန်း ခဏလေးပဲဖြစ်ဖြစ်... ခဏလေးမေ့မြောသွားပေးပါ... ပြီးရင် အသစ်ကပြန်စနိုင်အောင်ကြိုးစားရဦးမှာမို့....ကျေးဇူးပြုပြီး..."

မူးဝေေ၀ဖြစ်လာသည့်ခေါင်းကြောင့် ရိုက်ခွဲထားသည့် ပုလင်းကွဲစတွေကိုတောင် မရှောင်နိုင်ပဲ ချနင်းမိ၏။


နာသည်.....

ခြေဖ၀ါးက ပုလင်းကွဲတွေစိုက်ဝင်နေခြင်းကြောင့်မဟုတ်။

ခေါင်းက တစ်တောက်တောက်ကျဆင်းနေသည့် သွေးတွေကြောင့်မဟုတ်။

တစ်စစ်စစ်မြည်အောင် ထိုးအောင့်နေသည့် နုလုံးသားတစ်စုံကြောင့်သာ။


ဘာလို့များ ဆုံစည်းနိုင်ခြင်း မရှိသည့်

လူနှစ်ယောက်ကို ကံကြမ္မာက တွေ့ဆုံစေခဲ့သေးလဲလို့ ဗျာ...


တစ်မိနစ်လေးဖြစ်ဖြစ် တစက္ကန့်လေးဖြစ်ဖြစ် ကမ္ဘာပျက်နေတဲ့ စိတ်အစုံကို မှေးစက်အနားယူခွင့်ပြုပါတော့။

***********************************

တုန်လှုပ်နေခြင်းကြောင့် တစ်ချက်လေးတောင် မှေးစက်မရဖြစ်ကာ ရင်ဘတ်ထဲ ပြည့်သိပ်ဆို့ကျပ်နေခဲ့လျှက်။

အသွင်သွင်စီးကျနေသည့် မျက်ရည်စကို ခပ်ကြမ်းကြမ်းဖိသုတ်ပစ်မိသည်။....

ဘာလို့ငိုနေဦးမှာလဲ ဂုဏ်ရောင်..။

မင်းရွေးချယ်ဆုံးဖြတ်ခဲ့တဲ့လမ်းက ကြမ်းတမ်းမယ်ဆိုတာ မင်းသိနေတာပဲ....။

ကမ္ဘာအပြင်ဘက်( COMPLETE)Donde viven las historias. Descúbrelo ahora