1

16.9K 1.2K 32
                                    

"မျက်လုံးကြီးလည်း ကျွတ်ပြီး ပြေးကပ်သွားဦးမယ် ငါ့ကောင်ကြီးရာ''

အတန်းထဲတွင် ဆရာ မလာသေးသဖြင့် ကမ္ဘာပျက်သလို ဆူညံပွက်လောရိုက်နေသည်။ Park Chanyeol ကတော့ နောက်ပြန်လှည့်ထိုင်ပြီး စာတတွတ်တွတ်ကျက်နေသော ကောင်လေးကို တစိမ့်စိမ့်ထိုင်ကြည့်နေသည်...ဘေးက Kim Jongin တို့ကလည်း Chanyeolကို လှမ်းစနေကြတယ်... Chanyeol ရဲ့အကြည့်စူးစူးကို လက်ခံနေရတဲ့ ကောင်လေး မျက်နှာကတော့ ဒေါသကြောင့်လား ရှက်တာကြောင့်လား နီရဲလို့...

"မင်းတို့ကလည်း ငါ့အကောင်ပေါက်လေး ရှက်သွားပြီကွ မစကြပါနဲ့''

ပတ်ချန်ယောရဲ့ စကားသံအဆုံး ဝုန်းခနဲ မတ်တပ်ထရပ်ပြီး ပြေးထွက်သွားသော Byun Baekhyun....

......................

Baekhyun ဖေဖေက ဘူဆန် မြို့လေးကို ရာထူးတိုးကျတာမလို့ Baekhyunတို့မိသားစုပါ လိုက်ပါပြောင်းရွှေ့ခဲ့ရပြီး Byun Baekhyun ရဲ့အထက်တန်းနှစ်တွေကို ဘူဆန်မှာ ကုန်ဆုံးဖို့ အကြောင်းဖန်လာတယ်။

မြို့လေးက အေးချမ်းပါတယ် ကျောင်းတက်ရက်တွေလည်း အွန်း အစပိုင်း နှစ်ရက်သုံးရက်တော့ ပုံမှန်ပါပဲ အတန်းဖော်တွေကလည်း ဖော်ရွေသဘောကောင်းကြတာမလို့ အရာရာ အဆင်ပြေမယ်ထင်ခဲ့တယ်... အဲ Park Chanyeolဆိုတဲ့ ဗရုတ်တို့အုပ်စု ကျောင်းမတက်ခင်အထိပေါ့

"ဝင်ခွင့်ပြုပါ Sam''

"မင်းတို့က ထုံးစံအတိုင်း ကျောင်းဖွင့်ပြီး နှစ်ရက်လောက်မှ တက်၊ လာပြီဆိုလည်း နောက်ကျ
ဒီရက်တော့ထားလိုက်မယ် နောက်ရက်တွေဆိုရင်တော့ သိတယ်မလား ဘောလုံးကွင်းသုံးပတ်''

"ရက်စ်ဆား''

အတန်းထဲ စဝင်လာကတည်းက ထောင့်မကျိုး ပြောင်စပ်စပ်နဲ့မလို့ Baekhyun ထိုအုပ်စုကို စစတွေ့ချင်းမှာပင် ကြည့်မရ...
ထိုဗရုတ်အုပ်စုကို ဘုကြည့်ကြည့်နေမိစဉ် အဲအုပ်စုထဲက အရပ်ရှည်ရှည်နားကားကားနဲ့တစ်ယောက်က ဖြတ်ခနဲလှည့်အကြည့်...ဇာတ်လမ်းက ထိုသို့ထိုပုံ စခဲ့ပါတယ်

ယောက်ျားလေးသီးသန့်ကျောင်းဆိုပေမယ့်လို့ ပေါက်ပေါက်အရမ်းဖောက်တဲ့ကောင်တွေ စုထားတဲ့ Baekhyunတို့အတန်းကတော့ ထုံးစံအတိုင်း စကားသံတွေနဲ့ဆူညံလို့ ...
အတန်းထဲ မုန့်ထုပ်တွေကိုင် ဝင်လာတဲ့ Sehunက Baekhyun ရှေ့ခုံကို ဝင်ထိုင်လိုက်ပြီး စကားစလာသည်။

Annoy But I LoveWhere stories live. Discover now