အပိုင်း (၂၅)

5.5K 675 10
                                    





"ညီမလေး… နင် ဘယ်လိုဖြစ်ပြီး ဒီပုံစံဖြစ်နေရတာလဲ…"

"……………"

"သိပ်နာသွားလား…. ဒီအစ်ကို တကယ်တောင်းပန်ပါတယ်… ညီမလေးမှန်း မသိလို့ပါ…"

"…………."

လည်ပင်းက ဓါးဒဏ်ရာကို ဆေးထည့်ပေးနေရင်း ကွမ်းချီ ညီမဖြစ်သူကို ထပ်ခါထပ်ခါ တောင်းပန်မိသည်။ တစ်ယောက်ပဲရှိသည့် ဒီညီမကို ဒဏ်ရာရအောင် လုပ်မိသည့် ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးတော့။ သူ သူမမျက်နှာကို ကြည့်ချိန်ရပါလျက် မကြည့်ဘဲ ဖမ်းချုပ်ထားသည့်အပြင် သွေးထွက်သံယိုဖြစ်အောင် လုပ်ထားပြီးပြီမို့ ညီမလေး အပြစ်တင်လည်း ခံရတော့မည်။ ဘယ်လောက်ပဲ သူ တောင်းပန်စကားပြောပြော စကားတစ်ခွန်းမှ ပြန်မပြောသည့် ညီမကို ကြည့်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။

"ညီမလေး… စကားတစ်ခွန်းလောက်ဖြစ်ဖြစ် ပြောပါဦးလား…"

"……….."

နောက်ဆုံးတော့ ကွမ်းချီလက်လျော့လိုက်သည်။

"ဒါဆိုလည်း…. ညီမလေး စိတ်ကျေနပ်အောင် အစ်ကို့ကို ထိုး… အစ်ကို ဘာမှပြန်မလုပ်ဘူး… ဒဏ်ရာရအောင် ပြန်လုပ်လိုက်ပါ…."

သူမလက်ထဲသို့ ဓါးကို အတင်းထိုးထည့်ကာ သူ့မျက်နှာကိုလည်း သူမမျက်နှာရှေ့ ထိုးပေးနေသော ကွမ်းချီကို ကြည့်ပြီး မို့ရန်ရယ်ချင်စိတ်ကို မြိုချလိုက်မိသည်။ အမြင်ကပ်လို့ စကားပြန်မပြောဘဲ နေနေသည်ကို စိတ်ဆိုးသွားသည်ဟု တကယ်ထင်နေသော ကွမ်းချီကို ခွီကနဲ ရယ်ပြလိုက်ကာ

ခွပ်…

မျက်နှာကို လက်သီးတစ်ချက်ထိုးပေးလိုက်ရာ ကွမ်းချီနှာခေါင်းကနေတဆင့် သွေးတို့စိမ့်ထွက်သွားသည်။

"နောက်တစ်ချက် ထိုးလို့ရဦးမလား…."

"………"

"ပြောလေ…"

"ညီမလေး သဘော…"

ညီမကို အတော်ကြီးချစ်တဲ့ အစ်ကိုပဲ….!!!

နှာခေါင်းသွေးထွက်သွားသည်ကိုတောင် မသုတ်ဘဲ သူမစိတ်ကျေနပ်အောင် သဘောရှိ ခွင့်ပြုနေသည်ကြောင့် မို့ရန် ကွမ်းချီကို အားနာသွားသည်။

"တော်ပြီ…. အိမ်ပြန်တော့မယ်…"

"ဘယ်သွားမလို့လဲ… ဒါမင်းအိမ်ပဲလေ…"

"ကျနော့်ကို သူတို့တွေ စောင့်နေလိမ့်မယ်… ပြန်မှဖြစ်မှာ… အစ်ကိုက ဒီမှာပဲ နေတာမဟုတ်လား… နောက်မှ လာလည်ဦးမယ်… ဘိုင်… ဆီးယူ…."

"မင်း…….. နေ…"

သူ့စကားဆုံးအောင် မစောင့်သည့်အပြင် ခြံဝင်းအပြင်ဘက် လှစ်ကနဲ ပြေးထွက်သွားသော ညီမလေးကို ဖမ်းဆွဲသော်လည်း မမီလိုက်ပါ။ ညီမလေး ဘယ်လိုအသက်ရှင်အောင် နေထိုင်ခဲ့တာလဲ၊ ဘယ်မှာနေနေသလဲ၊ ဘယ်လိုလွတ်မြောက်အောင် ရှောင်ပုန်းနေရသလဲ ဒါတွေကိုတောင် သူမမေးရသေး။ နှုတ်ခမ်းထက် စီးကျလာသည့်သွေးတို့ကို အသာသုတ်လိုက်ကာ လက်ချောင်းတို့တွင် ပေကျံသွားသည့် သွေးတို့ကို အဓိပ္ပာယ်မဲ့စွာ ကြည့်မိသည်။

သူ ကျနော်လို့ ပြောလိုက်သလား…. ညီမလေးက အရင်ကလို အားနွဲ့တဲ့သူ မဟုတ်တော့ဘူး… သူ အတော်သန်မာလာတယ်…!!!!

----------------------------

"ညီလေး ရိန်း… သူခိုးဖမ်းမိခဲ့လား…."

"အင်း… မိတယ်… စောင့်နေရလို့ တောင်းပန်ပါတယ်… အချိန်လည်း မလင့်တော့ဘူး… ကျနော်တို့ ပြန်ကြရအောင်…."

ဖူအစ်ကိုကြီးကို အလောသုံးဆယ် ပြန်ပြောလိုက်ပြီးနောက် သူမ ပစ္စည်းထုပ်တို့ကို လှည်းပေါ်ကောက်တင်နေသည်မို့ ကျန်သည့်သူများကလည်း ဘာမှမမေးတော့ဘဲ အထုပ်များကို တင်ကာ ဝင်္ကဘာတောဆီ ပြန်ရန် စိုင်းပြင်းကြသည်။

အလာတွင် စစ်ဆေးရေးဂိတ်က စစ်သလို မခံရတော့သဖြင့် အေးအေးလူလူပင်။ အပြန်ခရီးက သာသာယာယာ။ ကွင်းပြင်ကို ဖြတ်သွားချိန်တွင် အားလုံးက သီချင်းသံပြိုင်ဆိုကြသည်။ သူမလည်း မတောက်တခေါက် တစ်ကြောင်းနှစ်ကြောင်း ရသလောက် ဝါးချကာ လိုက်ဆိုသည်။ နောက်တစ်နေ့ နေ့ခင်းတွင် ဝင်္ကဘာတောသို့ ခြေချမိပြီ။ တောအစပ်နား အရောက်တွင် မြင်းခွာသံများ ကြားရသောကြောင့် ပုန်းခိုရာနေရာ ရှာကာ

"သုံးကလေး.. မင်း သွားကြည့်စမ်း…."

သုံးကလေးဆိုသူက ခပ်လှမ်းလှမ်းက သစ်ပင်အမြင့်တစ်ပင်ပေါ် မျောက်လိုတွယ်တက်ကာ စနည်းနာလာပြီး

"စစ်တပ်တစ်စုက ဘာကို အသည်းအသန်ရှာနေကြတာလဲ မသိဘူး…."

"သူတို့တွေက ချင်နိုင်ငံက တပ်သားတွေ…."

"လူအင်အား ဘယ်လောက်လဲ…."

"များပါတယ်…. ၅၀ လောက် ရှိမယ်…"

"ငါတို့ကို တွေ့ရင် သံသယဖြစ်နိုင်တယ်…"

"ဒီနေရာကို ဘယ်သူမှ တော်ရုံမဖြတ်ရဲကြဘူး…"

"ဒါဆို ဒီလိုလုပ်ပါလား…"

အားလုံး၏ အကြည့်များ မို့ရန်ဆီ ရောက်လာသည်။

"ငါတို့ ဒီအတိုင်း သွားလို့ဖြစ်မှာ မဟုတ်ဘူး… လူစုခွဲသွားရအောင်… ပစ္စည်းလှည်းကို သုံးကလေးတို့ ယူသွား… ငါတို့က တောကျွမ်းပြီးသားမို့ သူတို့ထက်သာတယ်… သူတို့ လုံးဝ မတွေ့စေနဲ့…"

အားလုံးက ခေါင်းညိမ့်ကာ သဘောတူကြသည်။ လူစုခွဲပြီး လမ်းအသီးသီးကို ခွဲထွက်လိုက်သည်။ သူမနှင့် ဖူအစ်ကိုကြီးက တစ်တွဲသွားကာ တပ်သားများကို ပုန်းရှောင်ပြီး ကွေ့ကာဝိုက်ကာ သွားရသည်။

သူတို့တွေ ဘာကိုမို့ ဒီလောက်အသဲအသန် ရှာနေကြတာလဲ….!!!

"ဟေ့… ဟိုနားမှာ…."

"ငါလခွီး…. ဖူအစ်ကိုကြီး လမ်းခွဲရအောင်…"

တပ်သားတစ်ဦးက သူမကို မြင်သွားသည်။ သူမနှင့် ဖူအစ်ကိုကြီး သုတ်ခြေတင်ကာ လမ်းလွှဲသည်။ တလှစ်လှစ်ပြေးရင်းကနေ သူမနောက် တပ်စုချီလိုက်လာသည့် တပ်စုကို မယှဉ်နိုင်ပါ။ သူတို့တွင် မြင်းလည်းပါသည်မို့ ဒီအတိုင်းပြေးပါက ဘယ်လိုမှ မလွတ်နိုင်။ တောနက်သည့် နေရာသို့ မျှားခေါ်မှ တော်ကာကျမည်။ ဒါဆိုရင် သူတို့ကို လှည့်စားလို့ရမည်။













ကြင်ယာတော် "မို့ရန်"Where stories live. Discover now