.Zawgyi
Part :5:: လူသတ်ခွင့်ပြုပါ..။အတန်းစစတတ်ချင်းchemistryချိန်ကြောင့် နောင်စိတ်ညစ်မိသည်. ။
"ကဲ.chapter 7 က.projectအတွက်ပါတနာ နှစ်ယောက်တွဲလုပ်ရမှာ..နာမည်ခေါ်မယ်. ပါတနာတွဲချင်တဲ့သူကလက်ထောင်လိုက်''
အထူးသဖြင့် အခုလိုအတူတွဲလုပ်ရမယ့် သင်ခန်းစာ တွေပါနေတဲ့အချိန်မျိုးမှာပေါ့။
အရင်တုန်းကမှ ဆရာနဲ့ ပူးတွဲလုပ်ရတဲ့ခုနှစ်ယောက်အဖွဲ့မှာတောင် အပယ်ခံအဖြစ်သာ ခပ်လှမ်းလှမ်းမှ နေရသည့်ကျနော့်ကို ဘယ်သူကတကူးတကပါတနာအဖြစ် လက်ခံချင်ပါ့မလဲ?? လူသတ်သမားသားကိုလေ ။
"နောင်''
"ကျနော်''
ကျနော့်နာမည်ခေါ်သည်နှင့်တပြိုင်နက်ကျနော့်ဘေးမှ ထွက်ပေါ်လာသည့် တန်ဖိုးကြီးနာရီတလုံးကိုဆင်မြန်းထားတဲ့ လက်ရှည်ရှည်ဖြူဖြူလေးနဲ့အတူထွက်ပေါ်လာသည့် ခပ်ရှရှအသံအဆုံး အတန်းထဲကလူတွေတော်တော်များမျက်နှာပျက်သွားကာ
ထရိုက်တော့မတတ် ကျနော့်ကိုစိုက်ကြည့်နေကြလေရဲ့..။
ဘေးကကိုယ်တော်ကတော့မျက်နှာသေနဲ့ပင်..။ လက်ထောင်ခဲ့တာသူမဟုတ်သည့်အတိုင်း..။သူအနိုင်ကျင့်လိုလို့၍ပဲလား..မသိပေမဲ့ ကျနော့်ကိုတကျောင်းလုံးမှာ အသက်ရှင်သေးသည်ဟု သတိပြုပေးသည်က သူတစ်ယောက်ပဲရှိလောက်ပါသည်..။
ဒြပ်ပေါင်းခွဲခန်းရောက်သည်နှင့် ဓာတ်ပေါင်းထုတ်ဖို့ ဒီနေ့projectအတွက် ခွဲပေးထားတဲ့ဆေးရည်များကြား ကျနော်ဘယ်ကစရမှန်းတောင်မသိခဲ့..။Projectအဖွဲ့လိုက်လုပ်တိုင်း ခပ်လှမ်းလှမ်းမှသာရပ်ခဲ့ရသောကျနော် ဘာကိုသိမည်နည်းး
ကျတော့မှာပဲ..။
"ဟူး..''
သက်ပြင်းတချက်ချကာ အနက်ရောင်ဆံပင်တွေ ပွသွားအောင်ဖွမိရင်း ကျနော့်ပါတနာဆိုသူအားမရဲတရဲလှမ်းကြည့်မိတော့.
ခုံပေါ်မှာ စာအုပ်တအုပ်နဲ့ငြိမ့်နေလေရဲ့။
Aတွေချည်းတန်းစီရတတ်သော သူ့လိုစာတော်သည့်သူကဒီလောက်တော့ လုပ်တတ်လောက်မှာပါ.။.နည်းနည်းလောက် ကူပေးပါလားဟု
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)