Chapter 9.12.2

14.5K 1.8K 102
                                    

ကားတန်းက ရှုစီရင်စုရှိရာကိုပြန်လာနေစဉ်မှာပဲ Base မှာလဲ အလွန်ကြီးကျယ်တဲ့ကိစ္စတစ်ရပ်ဖြစ်သွားတယ်။ Zombie Virus ကာကွယ်ဆေးကို အောင်အောင်မြင်မြင်နဲ့ ဖော်နိုင်လိုက်ပြီ!! ရောဂါပိုးကူးစက်ခံထားရပြီး Base ကိုရောက်လာခဲ့တဲ့ 7 ယောက်မြောက်လူနာက အခုအချိန်မှာတော့ အန္တရာယ်ကင်းကင်းနဲ့ လူကောင်းပကတိပြန်ဖြစ်ခဲ့ပြီ။

"လည်ချောင်းယားသေးလား?? ခေါင်းရောကိုက်နေသေးလား?? ရေငတ်တာတွေဘာတွေရောရှိလား?? အခု ကျွန်တော် လက်ဘယ်နှစ်ချောင်းထောင်ထားတာလဲ??" ဓာတ်ခွဲခန်းဝန်ထမ်းတစ်ဦးက တစ်ထောင့်တစ်ကြိမ်မြောက်သောအမေးကိုမေးလိုက်တယ်။

လူနာကလဲ အလွန့်အလွန်ကို စိတ်ရှည်လက်ရှည်နဲ့ ပြန်ဖြေတယ်။ ဒီလူတွေ သူ့ကို ဒီမေးခွန်းတွေကိုပဲ သုံးနှစ်လောက် ထပ်ခါတလဲလဲပြန်မေးနေရင်တောင် သူ ဖြေရတာဘယ်တော့မှငြီးငွေ့သွားမယ်မထင်ဘူး။ မနေ့တုန်းကအထိ သူ့ကိုယ်သူ Zombie တစ်ကောင်ဖြစ်လာတော့မယ်လို့ပဲ ထင်ထားခဲ့မိတာ။ အဲ့ဒါကြောင့်ပဲ သေခြင်းတရားကိုရင်ဝယ်ပိုက်ပြီးတော့ ဒေါက်တာ့ရဲ့ဓာတ်ခွဲခန်းက စမ်းသပ်ခံတစ်ယောက်အဖြစ် သူကိုယ်တိုင်ရွေးချယ်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့မှာတော့ သူ့ခန္ဓာကိုယ်က အံ့ဖွယ်နှုန်းနဲ့ ပြန်လည်ကောင်းမွန်လာခဲ့တယ်။ သူက ခရစ်ယာန်ဘာသာဝင်တစ်ယောက်မို့ ကိုးကွယ်ရာဘုရားသခင်အပေါ်ကို ယုံကြည်လေးစားသင့်တယ်ဆိုတာသိနေပေမဲ့လည်း အခုအချိန်မှာတော့ သူ့ရင်ထဲမှာ ဒေါက်တာ့ကိုပဲယုံကြည်ပြီး တစ်ဘဝလုံးစာ ကိုးကွယ်သွားချင်စိတ် ပြင်းပြင်းထန်ထန်ဖြစ်မိတယ်။

ဘုရားသခင်က လူသားမျိုးနွယ်ကို စွန့်ပစ်ခဲ့ပေမဲ့ ဒေါက်တာကတော့ လူသားအားလုံးဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်ကို ယူဆောင်လာပေးခဲ့တယ်။ ဒေါက်တာ့ရဲ့စမ်းသပ်ခံတစ်ယောက်အဖြစ် သတ္တိရှိရှိနဲ့ရွေးချယ်ခဲ့တဲ့ကိုယ့်ကိုကိုယ်လဲ ဂုဏ်ယူလို့မဆုံးဘူး။

"ကျွန်တော် လည်ချောင်းလဲမယားဘူး။ ခေါင်းလဲမကိုက်ဘူး။ ရေလဲမဆာဘူး။ နောက်ပြီး လက်က သုံးချောင်းထောင်ထားတယ်။ ဒေါက်တာ...ကျွန်တော် ဒေါက်တာ့လက်ကို ကိုင်လို့ရမလား??"လူနာက အိပ်ယာဘေးမှာရပ်နေတဲ့ဒေါက်တာကို မျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ကြည့်ရင်းပြောလိုက်တယ်။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now