၆ နာရီဝန်းကျင်ကားမောင်းပြီးသည့်နောက် မျက်စိတဆုံးပင်လယ်ပြာပြာကြီးအား ရင်သတ်ရှုမောဖွယ်မြင်လိုက်ရသည်။ လှိုင်းလုံးအသံ တဖျောင်းဖျောင်းနှင့် လေပြေလေညှင်းတိုက်ခတ်မှုကြောင့် ညစ်နွမ်းနေသည့် စိတ်အစုံက တစ်ခါပြန်ပြီး နိုးထလာခဲ့ရ၏။
ဂုဏ်က လူသိမခံနိုင်တဲ့ နိုင်ငံကျော် အဆိုတော်မို့ တော်ရုံလူမလာနိုင်တဲ့ ငွေဆောင်မှာရှိတဲ့ VIP Hotel တစ်ခုသို့ဝင်လိုက်ရသည်။ အဖွဲ့နဲ့လာရင် ဘယ်Hotel မှာတည်းတည်း ကိစ္စမရှိပေမယ့် အခုက ၂ယောက်တည်းမို့ လူသိမခံဝံ့။ Reception နေရာသို့သွားလိုက်ကာ......
" မင်္ဂလာပါ အကို ... ဘာများကူညီပေးရမလဲရှင့်...."
" အခန်းတစ်ခန်း စီစဉ်ပေးပါ... sea view ဆိုပိုအဆင်ပြေတယ်..."
" အကို နှစ်ယောက်အိပ် ကုတင်ဆိုရလားဟင်... ကုတင်နှစ်လုံးပါတဲ့ အခန်းက လောလောဆယ် ပြည့်နေလို့..."
ပင်လယ်ပြင်ကို ငေးကြည့်နေသည့် ဂုဏ်အား တချက်ကြည့်ကာ ....
" အင်းရပါတယ်......"
" အကိုပစ္စည်းတွေရော... ညီမတို့ကူသယ်ပေးမယ်...."
Hotel ၀န်ထမ်းကောင်မလေးက ဂုဏ်ကို ကွက်ကြည့်ကွက်ကြည့် လုပ်ကာ အထုတ်များကူသယ်ပေးရန်ပြောလာသည်မို့ ဘုန်းရယ်ချင်သွားရသည်။ ကျွန်တော်တို့အခုလာတာ အ၀တ်တစ်ထည် ကိုယ်တစ်ခု ... ပိုက်ဆံတောင် ပါတယ်ဆိုရုံလောက်သာ။ တော်သေးသည် ATM Card တွေပါလို့။ Hotel ရှေ့တွင် ATM စက်တွေ ထားပေးထားသည်မို့သာ တော်တော့သည်။
ဂုဏ်သည် အခန်းထဲရောက်ရောက်ချင်း ကုတင်ပေါ်ပစ်လှဲလိုက်ကာ လမ်းခရီးတစ်လျှောက် သူတစ်ယောက်တည်း ကားမောင်းလာရလို့ညောင်းနေရှာပြီလားမသိ။ မျက်လုံးမှိတ်ကာ နေနေသည့် ဂုဏ်အနားတွင် ဖွဖွလေးကပ်ထိုင်လိုက်ဖြစ်လိုက်သည်။ နောက် နဖူးပေါ်ဝဲကျနေသည့် ဆံပင်လေးအား သပ်တင်ပေးလိုက်ပြီး ဖိကပ်နမ်းတော့ ဖွဖွလေးပြုံးလာရှာသည်။
ထိုနောက် မျက်ခုံးအား အသာအယာ နှိပ်ပေးတော့ နဂို ပြုံးနေသည့် မျက်နှာက သွားတောင်ပေါ်လာသည့်အထိရယ်လေသည်။ နှိပ်နယ်ပေးနေသည့်ကျွန်တော့လက်အား ဖမ်းဆုပ်ကာ သူ့နှုတ်ခမ်းဆီဆောင်ယူလိုက်ပြီး နစ်နစ်သဲသဲနမ်းတော့ ကျွန်တော့ နှလုံးသား တစ်စုံ ခုန်ပေါက်မြူးထူးကုန်၏။
YOU ARE READING
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
