အပိုင်း ( ၄၀ )

3.2K 512 11
                                        

                ကောလဟလတွေလား

လင်းဖန်သည် သူ့စားပွဲမှထကာ စကားပြောနေကြသော လူတွေရှိရာ စားပွဲသို့ လျှောက်လာလေ၏။ သူတို့က လင်းဖန်လာနေတာ မြင်သောအခါ သူတို့၏မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ လင်းဖန်သည် သူ့စားပွဲသို့ လာထိုင်သော ကောင်မလေးများကို ရင်းနှီးစွာ မဆက်ဆံခဲ့ချေ။ လူတိုင်းကြိုက်နှစ်သက်နေကြသော နလန်ဖန်းကိုလည်း ရိုင်းစိုးစွာပြောဆိုခဲ့သေးသည်။

" ပြဿ     နာရှိလို့လား "

သူတို့ထဲမှ တစ်ယောက်က လင်းဖန်ကို စူးရှစွာ ကြည့်လျက် လေသံမာမာဖြင့် မေးလိုက်လေ၏။

လင်းဖန်သည် ငွေစနှစ်စကို နှိုက်ယူလိုက်ကာ စားပွဲပေါ်သို့ ပစ်တင်ပေးလိုက်သည်။ ထို့နောက် သူသည် ပြုံးလျက်

" မင်းတို့နဲ့အတူ ထိုင်လို့ရမလား "

" ဟာ..ထိုင်နိုင်ပါတယ်။လာပါ..ထိုင်လို့ရတာပေါ့ "

စားပွဲမှာ ထိုင်နေကြသော လူများ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားကြလေသည်။ သူတို့သည် အလွန်တရာ စိတ်အပြောင်းအလဲမြန်လှစွာ လင်းဖန်ကို ရင်းနှီးခင်မင်စွာ ဖိတ်ခေါ်လိုက်သည်။ ကောင်းကင်တိမ်တိုက်ကိုးခုဒေသ၌ ငွေကြေးအဖြစ် အဖိုးတန် ကျောက်သံပတ္တမြားတို့ကို သုံးစွဲသည့်အပြင် ရွှေ၊ ငွေ၊ ကြေးစ တို့ကို သုံးစွဲလေ၏။ အလွန်တရာ ချမ်းသာလှသော မိသားစုများမှာ အဖိုးတန်ကျောက်သံပတ္တမြားများ ရှိကြသော်လည်း နေ့စဉ်အသုံးစရိတ်အဖြစ် ရွှေနှင့် ငွေတို့ကို လိုအပ်နေတုန်းပင်။

ငွေကြေးအကုန်အကျ များသော သိုင်းပညာရှင်များအနေနှင့် အလွယ်တကူ လက်ခံရရှိသော ငွေစ သို့မဟုတ် ရွှေစ များကို မည်သူမှ ငြင်းဆန်ခြင်းမပြု ကြပေ။ သူတို့သည် လျင်မြန်စွာနှင့် လင်းဖန်အတွက် ထိုင်ရန် ခုံ လုပ်ပေးလိုက်ကာ မေးမြန်းလိုက်လေ၏။

" အစ်ကိုလေး၊ ဘာများ အကူအညီလိုလို့လဲ "

" အာ..နည်းနည်းမေးချင်လို့။ နလန်ဖန်းနဲ့ တချို့ ထူးချွန်တဲ့ သိုင်းပညာရှင်တွေက အတူတူလာစုနေတာ ဘာလို့လဲ "

PMG အတွဲ ( ၁ )Onde histórias criam vida. Descubra agora