အရူးမကြီးလို သတို့သားမရှိတဲ့ မင်္ဂလာခန်းမအလယ်မှာ ပြိုလဲကျနေခဲ့သည်။ အသီးသီးပြန်ကုန်ကြပြီဖြစ်တဲ့ဧည့်သည်တွေကိုလဲဆက်မတားဝံ့တော့။ သတို့သားပြန်လာမှာဆိုပြီး ဧည့်သည်တွေကိုမပြန်ခိုင်းသေးဘဲ မှီရာ မျှော်လင့်ချက်လက်တစ်ဆုပ်စာအားဆုပ်ကိုင်ထားပြီး ဆွဲထားခဲ့တာ မင်္ဂလာအချိန်ကုန်လို့ Hotel ကလူတွေတောင်နောက်တပွဲစီစဉ်နေကြပြီ။
" ရက်စက်လိုက်ကြတာ... သားသမီးချင်းမစာမနာ ဘယ်လိုဖြစ်ပြီးလုပ်ရက်ကြတာလဲ... ဂုဏ်သိက္ခာကို အသက်ထက်တန်ဖိုးထားတယ်ဆိုတဲ့ ဟိုမိန်းမကြီးရော ဘယ်ပျောက်သွားတာလဲ... အဖေ... မုန်းမကျေနပ်ဘူး... အဲမိသားစုကို အရှက်တရားပျက်ပြားအောင်လုပ်ဆောင်မှုနဲ့တရားစွဲပေးပါ..အဖေရယ်.."
မုန်းမှာ..အသိတရားများကင်းလွတ်ကာ အဖေ့ခြေထောက်ကိုဖက်ပြီး တရားစွဲပေးရန်အကြိမ်ကြိမ်ငိုယိုတောင်းဆိုနေတော့သည်။
သမီးဖြစ်သူ၏ပူဆွေးသောကကို မြင်နေရတဲ့ ဖအေရင်ထဲမှာ ကမ္ဘာပျက်နေတာထက်ပိုလေသည်။ အရှက်ခွဲခံလိုက်ရသည်ဆိုတဲ့ အရှက်ဒေါသကြောင့် စိတ်အစုံက အခြေအနေအခြေအခါကို စဉ်စားနိုင်စွမ်းကင်းမဲ့စွာ အမှောင်ဖုံးတော့သည်။
" ထ သမီး... အဲအိမ်ကိုအခု ချက်ချင်းသွားမယ်... အရှက်သိက္ခာနဲ့လူလုပ်နေတဲ့ အဖေအတွက်ကလည်း ဒါသက်သက်စော်ကားတဲ့အပြုအမူပဲ... လက်လွတ်စပယ် ဖြေရှင်းချက်လဲမပေးပဲ ဒီအတိုင်းထားခဲ့ရအောင် သူတို့ကဘာမို့လို့လဲ..
ဘယ်လောက်ပဲချမ်းသာနေပါစေဦး ဒီလိုအရှက်မဲ့စေတဲ့ အလုပ်တော့မလုပ်သင့်ဘူးလေ... အဖေတို့လဲအသိုင်းနဲ့အဝိုင်းနဲ့ပဲ.."
မုန်းတို့သားအဖအားကြည့်ပြီး တိတ်ဆိတ်စွာငေးကြည့်နေသည့် ဂုဏ်ရဲ့အမေ။ စိတ်တွေကတော့သားဆီမှာသာ အလုံးစုံခြေချလျှက်။
****သားလေးရော.... ဦးပဇင်းဝတ်ပြီးလောက်ရောပေါ့.. သားနဲ့အတူတူလိုက်မလာနိုင်တဲ့ အမေ့ကိုခွင့်မလွှတ်ပါနဲ့သားရယ်...****
မျက်ရည်ဝေ့စွာ တီတိုးရွတ်ဆိုနေမိတော့သည်။
**************❤️❤️❤️****************
ESTÁS LEYENDO
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
