💚Seon Saeng Nim💚

602 38 19
                                        

Episode💚Seventeen
Markbam🐊🐍

Zawgyi:::

"BamBam!"

တောလမ်းတစ်လျှောက် စိုးရိမ်စိတ်နဲ့သာ သူ ပြေးလာခဲ့မိတာ။
ကောင်လေးငယ်ဟာ ဒီနေရာမှာရှိနေသလား ဆိုတာလဲ သူမသိ။
အရင်တခါတွေလိုများ ဆိုတဲ့စိတ်၊ ဒီတခါဆိုရင်ကော သူအန္တရာယ်ကြားက လက်မတင်လေး ကယ်တင်နိုင်ပါ့မလား ဆိုတဲ့စိတ်နဲ့သာ
မျှော်လင့်တကြီး ပြေးထွက်လာခဲ့မိခြင်းသာ။

တစ်ကိုယ်လုံး ရေတွေနဲ့ ချွေးတွေကို သတိတောင်မထားမိသည်ထိ ကောင်လေးငယ်ဇောတစ်ခုသာ ကပ်နေသည်။

နောက်ဆုံး သူဆက်မပြေးနိုင်တော့ပဲ
သစ်ပင်ကြီးတစ်ခုအနား ဟောဟဲဆိုက်ကာ
အမောစို့နေပြီ....။
နှုတ်မှ ခပ်တိုးတိုး ကောင်လေးနာမည်ကို ရေရွတ်မိနေသည်။

"လူကြီး..ဟင့်...! "

ရှိုက်သံတွေရောစွတ်စွာ အက်ကွဲနေသောခော်သံတစ်ခုကြောင့် အနီးအနားပတ်လည်ကို အလျင်အမြန် ရှာဖွေကြည့်မိသည်။
သို့သော် အရိပ်အယောင်တောင်မတွေ့။

"ဟင့်! ကျတော် အ အပေါ်မှာ လူကြီး..."

ထပ်ထွက်လာသော စကားကြောင့် ယောင်နမ်းနမ်း အပေါ်မော့ကြည့်တော့မှ
သစ်ကိုင်းနှစ်ခုဂွကြား ဆောင့်ကြောက်ထိုင်နေသော bambam ကိုတွေ့ရသည်။

ခုမှ သူ သက်ပြင်းမော ချနိုင်တော့သည်။

"မင်း အဲ့မှာ ဘာလုပ်နေတာလဲ? ပြန်ဆင်းခဲ့ ခုချက်ချင်း ..."

"ဟင့် မဆင်းတတ်လို့ပါဆိုနေမှ...."

"တက်တုန်းက ဘယ်လိုတက်သွားသလဲ?မင်းကွာ ငါဘယ်လောက်တောင် စိတ်ပူသွားလဲ သိရဲ့လား...?"

"တောင်းပန်ပါတယ်... "

"လာခဲ့ ဒီကို..."

လက်နှစ်ဖက်ဆန့်ကာ ခေါင်းမော့ကာခေါ်နေသော mark ကိုကြည့်ရင်း bambam ခေါင်းတွေ တသွင်သွင်ခါနေသည်။

"ဟင့်အင်း ခုန်မချရဲဖူးဆိုနေ..."

"Tsk! လာခဲ့စမ်းပါ မင်းပြု တ်မကျ စေရဖူး"

ခေါင်းတွေစွတ်ခါနေကာ တဟင့်ဟင့်နဲ့ ဆင်းမလာသေးတဲ့ bambam ကို mark စိတ်မရှည်ချင်တော့...။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now