ဟိုးအဝေးကြီးကတိမ်တွေ
စကားပြောတတ်လား....?
ငါရှိရာအရပ်ကတိမ်တွေကို
အလွမ်းတွေထည့်ပြီး နင့်ဆီအရောက်ပို့ ချင်လို့ ....
ဟိုးအဝေးကြီးက
လှိုင်းလေးတွေ သီချင်းဆိုတတ်လား...?
နင့်ကိုဘယ်လောက်သတိရကြောင်းတေးသီပြီး
စက္ကူလှေလေးနဲ့လွှတ်လိုက်မယ်လေ.....
နင်မလိုချင်လည်းဖြစ်သလို
နင်ဥပေက္ခာပြုလည်းဖြစ်တဲ့ ငါ့အချစ်တွေက
နင့်အနီးနားတစ်ဝိုက်မှာအခိုးအငွေ့ လိုပဲ...
နင့်အမိန့်သံနဲ့ အစိုင်အခဲဖြစ်လာမယ့်
ချစ်ခြင်းမေတ္တာတရားတွေကို
ကျေးဇူးပြုပြီးထုဆစ်ပေးပါလားဟာ..
