9️⃣

3.1K 341 54
                                    

*ဖြောင်း....

*ဖြောင်း....

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညသန်းခေါင်ချိန်မှာ အခန်းထဲကနေ ထွက်လာတဲ့ အသံက ဆက်တိုက်~~~

ကြမ်းပြင်ပေါ် လေးဘက်ထောက်ကာ ကိုယ်ပေါ် ကျရောက်လာတဲ့ ခါးပတ်ဒဏ်တွေကို Kyung Soo အံကြိတ်ကာ ခံစားနေရသည်...
တချက်ကျရောက်လာတိုင်း နင့်ခနဲနေအောင်ခံစားရသည်.... ဒဏ်ရာကလား?မဟုတ်ပေ
ရင်ဘတ်ထဲက မီးစနှင့်ထိုးသလို စူးခနဲနေအောင် ~~~~

"ခု ချက်ချင်းထ Do Kyung Soo''

Daddy စကားအတိုင်း မတ်တပ်ရပ်လိုက်ပေမဲ့ ခွေခနဲ ကျသွားရသည်~~~

"Dad...Daddy အစ် အ..အ...''

လည်ပင်းက အင်္ကျီစကိုတင်းနေအောင်ဆုပ်ကိုင်ရင်း ဆွဲထူလိုက်တဲ့ Daddy့ ကြောင့် သူအသက်ရှုကျပ်ကာ မြင်ကွင်းက ဝေဝေဝါးဝါး....

"Do Kyung Soo မင်းငါ့ကိုချစ်လား... ချစ်လားလို့ ငါမေးနေတယ်လေ"

ဒေါသတကြီးမေးနေတဲ့ Daddy ဟာ သူ့ကိုချစ်ကြောင်းမေးနေသည်မှာ ကလေးသဖွယ်...
ကျွန်တော် ဒဏ်ရာတွေကြားပြူံးမိတော့ မျက်နှာပေါ်ကျရောက်လာတဲ့နာကျင်မှု...

"ငါမင်းကို မေးနေတာ ဖြေလေ''

သိပ်ချစ်တာပေါ့ ဒယ်ဒီ.... Daddy့ အပေါ် ချစ်တဲ့အလျှောက် နာကျင်မှုတွေလဲ ကျွန်တော့်မှာရှိတယ်....

ဝေဝါးလာတဲ့ အမြင်အာရုံတွေကြားမှ ကျွန်တော့ရဲ့ Daddy ဟာ ချစ်ဖို့ကောင်းစွာ ပြုံးပြနေသည်...... Daddy အရက်မူးနေရင် အရမ်းချစ်ဖို့ကောင်းသည်....သို့သော် ~~~~~~

"မင်း ငါ့ကို မချစ်သင့်ဘူး Do Kyung Soo...''

သူအမှောင်ကမ္ဘာထဲတိုးမဝင်ခင်ကြားလိုက်ရတဲ့ အသံတိုးတိုးလေးက သူ့ရင်ထဲ ဆစ်ခနဲ.....

~Daddy့ ကိုချစ်လို့နောင်တရမယ်ဆို အဲ့ဒီနောင်တတွေကို တသက်လုံးထွေးပိုက်ထားမှာပါ~

~~~~~~~~~~~~~~~

''သား....မေ့သားလေး''

ကျွန်တော့်ရှေ့က အဒေါ်ကြီးက ဘယ်သူလဲ သူမသိဘူး ~~~

''သား...မေမေလေ သားရယ်''

အသည်းပုံနှုတ်ခမ်းတွေနဲ့ သူမဟာ ပါးပေါ်က မျက်ရည်တွေကို သုတ်ပီး ကျွန်တော့်ကိုပြေးဖက်တယ်...
မကြိုက်ဘူး ကျွန်တော့်ကို ဘယ်သူမှမထိနဲ့ !!!

Daddy Kim ~~~Where stories live. Discover now